နိရဥ္စရာ၊ဒီဇင်ဘာ ၁၃/၂၀၂၂
စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲပြင်းထန်ခဲ့သည့် ပလက်၀အထက်ပိုင်းတွင် အပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်းလက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေးကိုပိတ်ထား၍ဒေသခံများအခက်အခဲကြုံနေရကြောင်း သိ၇သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လမှစကာရက္ခိုင့်တပ်တော် (AA) နှင့်စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ပလက်၀မြို့နယ်အထက်ပိုင်း အိန္ဒိယနယ်စပ်ဘက်ကို စစ်ကောင်စီက သွားလာခွင့်မပြုဘဲပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိကြုံတွေ့နေရသည့်အခက်အခဲကို တရွန်အိုင်ကျေးရွာမှ ဒေသခံတစ်ဦးက "ကျနော်တို့ ပလက်၀မြို့နယ်ဘက်မှာအပစ်အခတ်ရပ်ပြီးတာတောင် လမ်းသွားလမ်းလာလို့လည်း မ၇နိုင်ဘူး။ပလက်၀-တရွန်အိုင်ကို သွားလာခွင့်မ၇။ ချင်းလက်၀- တရွန်အိုင်၊ မြိတ်၀နဲ့တရွန်အိုင်ကိုလည်း သွားလာခွင့်မ၇ဘူး။ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ် သူတို့။အခု ပြည်သူတွေဟာ အစားအသောက်၊ အနေအထိုင်တွေ ကျပ်တည်းနေရတယ်။ကျန်းမာရေးဆိုလည်း ဆေးဝါးရိက္ခာတွေတင်လို့မ၇၊ ကုန်ပစ္စည်းတွေကိုလည်းတင်ခွင့်မရ။ဒီလိုအခြေအနေတွေကို ကြုံတွေ့နေ၇ပါတယ်"ဟု ပြောသည်။
ရေလမ်းကိုသာအဓိကအားကိုး၇သည့် ပလက်၀အထက်ပိုင်းအိန္ဒိယနယ်စပ်ဘက်သို့သွားသည့် ရေလမ်းကို ဒိုးချောင်း နှင့်တရွန်အိုင်တို့ရှိ စစ်ကောင်စီတပ်များက ပိတ်ပင်တားဆီးထားခြင်း ဖြစ်ကြောင်း သိ၇သည်။
အဆိုပါ ရေကြောင်းလမ်းကိုတစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကျပ်ခဲ့ကာ သွားလာခွင့်ကိုပါ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယခုကဲ့သို့ပိတ်ပင်ထားသည့်အတွက် ဒေသခံများ၏ကျန်းမာရေး၊ စားဝတ်နေရေးတို့မှာ များစွာ ခက်ခဲနေ၇သည့်အတွက် အမြန်ဆုံးပြန်ဖွင့်ပေးရန်ဒေသခံကျန်းမာရေး၊ ပညာရေးဝန်ထမ်းများက အကြိမ်ကြိမ်စာတင်တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်းပြန်ဖွင့်ပေးခြင်းမရှိခဲ့ကြောင်း အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
"ချင်းလတ်၀၊ မြိတ်၀၊တရွန်အိုင် ဘက်က ဝန်ထမ်းတွေဟာ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲတွေကိုအများကြီး တင်ပြတာတွေရှိပါတယ်။ ဝန်ထမ်းတွေဘက်က အထပ်ထပ်အခါခါ တောင်းဆိုပေမယ့် ဖွင့်မပေးပါဘူး။ကျောက်တော်-ပလက်၀ကိုတော့ သူတို့ဖွင့်ပေးတယ်။ ဒီဘက်ကိုလည်းအမြန်ဆုံးဖွင့်ပေးစေချင်ပါတယ်"ဟု ပြောသည်။
လက်ရှိမှာ ရခိုင်တွင်ပိတ်ပင်ခံထားရသည့်ကုန်းလမ်း၊ ရေလမ်းများအားလုံးကို အပစ်အခတ် ရပ်စဲပြီးနောက်ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်၍ အဆိုပါလမ်းကြောင်းကိုလည်း ဒေသခံများ၏ အခက်အခဲကိုငဲ့ညှာသည့်အားဖြင့်ပြန်ဖွင့်ပေးရန် လိုလားနေကြခြင်းဖြစ်သည်။ (NN-7)