Preview

စစ်ကောင်စီကမဖမ်းပါဟု ပြောဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ၃ လကျော်အကြာမှာ အမှုဖွင့်

ဒီဇင်ဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :1701
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၂

 

စစ်ကောင်စီက မဖမ်းပါဟု ငြင်းဆိုထားသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာမှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့  ၂ လကျော်ကြာပြီးမှ မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။  

 

၎င်းတို့နှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှင့် အပေါက်၀ကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သာစိုး(၃၉)တို့ ဖြစ်ကြသည်။

 

၎င်းတို့နှစ်ဦးကို အောက်တိုဘာ (၂) ရက် ညနေ  နာရီခွဲတွင် ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက်(၅၃၉)တပ်ရင်း တပ်ရင်းမှူးကတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ပြီး ဖမ်းဆီးခဲ့သည်။

 

၎င်းနောက်ပိုင်းမှ စ၍ ၎င်းတို့နှစ်ဦးစလုံး ပျောက်ဆုံးနေကြောင်းကို  ဦးလှမောင်သန်း၏ ဇနီးဖြစ်သူက ဒေါ်လှအေးဆန်းက ထုတ်ဖော်ပြောကြားခဲ့သဖြင့်  နိရဉ္စရာသတင်းဌာန အပါအဝင်  သတင်းဌာနများက သတင်းရေးသားဖော်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က သူတို့ ဖမ်းဆီးခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

 

ဦးလှမောင်သန်း၏ဇနီးဒေါ်လှအေးဆန်းက " အခု ကျွန်မယောကျာ်းကိုလက်ရှိ စစ်တွေ၊ အမှတ်(၁)မှာ ချုပ်ထားပါတယ် ၁၇(၁) နဲ့အမှုဖွင့်တယ်လို့ ပြောပါတယ် ဒီဇင်ဘာလ (၆) ရက်နေ့ ရုံးမှာ ၇မန်ယူတဲ့နေ့ကတော့ ခဏလေးတွေ့ခွင့် ၇လိုက်ပါတယ်"ဟု  ပြောသည်။ 

 

 လက်ရှိတွင် သူတို့ကို မ်းဆီးခံ၇ပြီး လကျော်ကြာ ပြီးနောက် ဒီဇင်ဘာ (၆) ရက်နေ့က စစ်တွေ တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမူဖွင့်ကာချုပ်ရက် ရမန်ယူခဲ့၇ခြင်းဖြစ်သည်။

 

ယခုကဲ့သို့  မိသားစုကို အသိမပေးသည်သာမကဖမ်းဆီးထားခြင်း မရှိဟု လိမ်လည် ငြင်းဆိုခဲ့သည့် အပေါ်တွင်လည်း စိတ်မကောင်း ဖြစ် မတရားဖမ်းဆီး အမှုဖွင့်ခံ၇သည့် အတွက် စိတ်မကောင်းဖြစ်၇ကြောင်း  ဒီဇင်ဘာ ၁၉ ရက်နေ့ကို ထပ်မံရုံးချိန်းထားကြောင်း သူမက ဆက်ပြောသည်။ 

 

"သူတို့က မတရားသဖြင့်ခေါ်ပြီး ဖမ်းထားကြတာပါ။ ဘာအပြစ်မှမရှိလို့ တက်နိုင်ရင်တော့ လွတ်ောင် လုပ်ပေးစေချင်ပါတယ်။ ဒီဇင်ဘာလ (၁၉) ရက်မှာလည်း ရုံးချိန်းထားသေးတယ်" ဟုပြောသည်။ 

 

အောက်တိုဘာ (၂) ရက် ညနေ  နာရီခွဲတွင် ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက်(၅၃၉)တပ်ရင်း တပ်ရင်းမှူးကတွေ့ဆုံး ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ဦးလှမောင်သန်းကို ဖုန်းဆက်ခေါ်သဖြင့်  အဖော်ဖြစ်သူ မောင်ချေ(ခ) ဦးမောင်သာစိုးနှင့် အတူသွားစဉ် ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.