နိရဥ္စရာ၊ဒီဇင်ဘာ ၁၄/၂၀၂၂
ယနေ့နံနက် ၁၀ နာရီခန့်က ကျောက်တော်မြို့ အနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ခြင်းမှာ ကလေးငယ်တစ်ဦးက မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် တစ်လုံးကိုမြစ်ထဲပစ်ချရာမှ ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိ၇သည်။
ပိုက်သည်ရပ်ရပ်ကွက်မှ ကလေးငယ်တစ်ဦးက စစ်လက်နက်အကြွင်းအကျန်တစ်ခုဖြစ်
"ကျနော်တို့ ဒေသအခေါ်တော့ EY သီးလို့ခေါ်တယ်။ ဖင်မှာ ဒလက်ကလေးနဲ့။ ၆၀မမလို့လည်းပြောမ၇ဘူး။ လက်နက်ကြီးလည်းမဟုတ်ဘူး။သေနတ်မှာထည့်ပစ်၇တာမျိုး။ အဲဒါကို မြစ်ထဲ လွှင့်ပစ်လိုက်ချိန်မှာပေါက်ကွဲသွားပြီး အသံထွက်ခဲ့တာပါ"ဟု ပြောသည်။
ပေါက်ကွဲမှုကြောင့် တစ်ဦးတစ်ယောက်ကိုမှထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟု
၎င်းပေါက်ကွဲမှုကို ကျောက်တော်မြို့ကစ္ဆပနဒီတံတားအနီး ပိုက်သည်ရပ် ရပ်ကွက်ဆင်းလမ်းရှိ စစ်ဆေးရေးဂိတ်ဘက်မှ ကြားခဲ့၇သည်ဟုဒေသခံတစ်ဦးက ပြောသည်။
“ ဒီကနေ့ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀နာရီခန့်မှာ ကြားခဲ့၇တာပါ။ သာမန်စက်လက်နက်အသံ မဟုတ်ဘဲ လက်နက်ကြီးကျည် ပေါက်ကွဲတဲ့ အသံလိုမျိုး ကြားလိုက်၇ပါတယ်"ဟု ပြောသည်။
ရခိုင်ရှိမြို့နယ်အချို့တွင် ပြီးခဲ့သည့် သြဂုတ်လမှစတင်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့
၎င်းစစ်ကျန်လက်နက်ကြီးကျည်များ၊ မြေမြုပ်မိုင်းများကို အမြန်ဆုံး ဖယ်ရှားရန် ပြည်သူများက အထူးလိုလားနေကြသည်ဟု ဒေသခံများက ပြောဆိုသည်။
ယခုကောက်၇ခဲ့သည့်စစ်လက်နက်အကြွင်းအကျန် လက်နက်ကြီးကျည်မှာမည်သည့်ဘက်က ပစ်ခတ်သည့်လက်နက်ဖြစ်သည်ဆိုသည်