နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂၀၂၂
စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ၇ွာသား ၉ဦးကို သတ်ဖြတ်မှုနှင့်အတူ နေအိမ်တချို့ မီးရှို့ခံခဲ့၇သည့် ပုဏ္ဏားကျွန်းမြို့နယ်မှဆင်အင်းကြီး ရွာသားများမှာ တစ်လကျော် ကြာလာသည့်တိုင်အောင် ပုံမှန်အခြေအနေမရောက်သေးဘဲ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကိုခံစားနေရသည်ဟု ကျေးရွာသားများက ပြောသည်။
ရွာသားများမှာ ယခုအချိန်အထိစိုးရိမ်နေကြပြီး ပုံမှန်အခြေအနေရောက်ရန် အချိန်ယူဦးမည် ဖြစ်ကြောင်း ဆင်အင်းကြီးရွာသားတစ်ယောက်ဖြစ်သူ ဦးစံသာကျော်က ပြောသည်။
“ ကျွန်တော်တို့ရွာပြန်ပြီးနလံထူနိုင်ဖို့ အချိန်ယူ၇ဦးမယ်။ မီးလောင်သွားတဲ့အိမ်တွေကိုလည်း မဆောက်၇သေးဘူး။ သစ်ဝါးတွေတော့စုနေကြတယ်။ ကျန်တဲ့သူတွေကလည်းကြောက်လန့်နေကြပြီး စိတ်ကအတည်တကျ မဟုတ်သေးဘူး။ အားလုံး နဂိုအတိုင်း ဖြစ်ဖို့ဆိုတာကတော့
ဆင်အင်းကြီးရွာမှာပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် နိုဝင်ဘာလ(၁၀) ရက်နေ့ နံနက်ပိုင်းက ဆင်အင်းကြီးရွာနှင့် ပဒေသာရွာအကြားတွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားတန်း တိုက်ခိုက်ခံ၇ပြီးနောက် စစ်ကောင်စီတပ်က ဆင်အင်းကြီး ရွာထဲကို ဝင်ရောက်ကာ ကျေးရွာသား ၉ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး နေအိမ် ၇လုံးကို မီးရှို့ခဲ့သည်။
၎င်းနောက် လက်နက်ကြီးများနှင့်ရွာကိုပစ်ခတ်ခဲ့သည့်အတွက် ရွာလုံး ကျွတ် ထွက်ပြေးခဲ့ကြ၇သည်
ရွာကထွက်ပြေးနိုင်ဘဲကျန်နေခဲ့
ထိုသို့ ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြ၇သဖြင့် ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာလည်း ၃ ပုံ ၂ ပုံပျက်စီးသွားပြီဖြစ်ကြောင်းလည်းဦးစံသာကျော်က ပြောသည်။
“ကောက်ရင်စပါးတွေက အကုန်ပျက်စီးသွားပါပြီး၊ကောက်ကြီးထည့်လို့ရှိတဲ့ သူတွေမှာတော့ နည်းနည်းကျန် သေးတယ်။ ပျက်စီးတာကတရွာလုံး စပါးစိုက်ဧက ၃ချိုး ၂ ချိုး ပျက်စီးသွားပါပြီ။စပါးတစ်ခုတည်းမဟုတ်ဘူး။ ဆောင်းသီးနှံ စိုက်ခင်းတွေလည်းအကုန်လုံးပျက်စီးသွားပါပြီ။ ကျွန်တော်တို့ရဲ့ တနှစ်စာထွက်ကုန်အကုန်လုံး ပျက်စီးသွားတာပါ။”
လက်ရှိအချိန်တွင် ကျန်ရှိနေသည့်စပါးများကိုလည်းလူအားနှင့် ရိတ်သိမ်းရန်အဆင်မပြေသည့်အတွက် စပါး ရိတ်စက်အကူအညီရှာနေကြပြီး ကျေးရွာသားများအတွက် တစ်နှစ်တာ ရိက္ခာဖုံလုံရေးမှာအလွန်စိုးရသည့် အခြေအနေမှာရှိကြောင်းလည်း ကျေးရွာသားများကပြောသည်။
လက်ရှိအချိန်တွင် ကျေးရွာသားများရွာကိုအားလုံး ပြန်ရောက်နေကြပြီ ဖြစ်သော်လည်း ကျွဲ၊နွားများအပါအဝင်အိမ်မွေးတိရိစ္ဆာန်များနှင့် အိုး၊ခွက်များ ဆုံးရှုံးခဲ့၇ပြီးစပါးနှင့် သီးနှံစိုက်ခင်းများလည်း ပျက်စီးသွားခဲ့သည်။