Preview

AA နှင့် အပစ်ရပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီက ပလက်၀မှ ညီအစ်ကိုနှစ်ဦးကို ပုဒ်မ ၂ ခုဖြင့်ထောင်၃နှစ်ချ

ဒီဇင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :5698
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၂

ရက္ခိုင့်တပ်တော် ( AA)နှင့်အပစ်ရပ်စဲထားပြီဖြစ်သော်လည်း စစ်ကောင်စီသည် အရပ်သားများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချနေဆဲဖြစ်ကြောင်းသတင်းရရှိသည်။

ယခုလ ဒုတိယပတ်ကလည်းချင်းပြည်နယ် ပလက်၀မြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့်  းစောလှ (၂၉) နှစ်နှင့် မောင်ဆန်းဖြိုး (၂၅) နှစ်ကို နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က)နှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင် ၃နှစ်စီချမှတ်လိုက်သည်ဟု မိသားစုအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အစ်ကိုဖြစ်သူ ဦးစောလှကို ဒီလ ၁၂ ရက်နေ့က နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က)နဲ့  ထောင်ဒဏ် ၃ နှစ်၊ ညီဖြစ်သူမောင်ဆန်းဖြိုးကို ဒီဇင်ဘာ ၁၄ ရက်နေ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။  ပလက်၀မြို့နယ် တရားရုံးက ချလိုက်တာပါဟု၎င်းက ပြောသည်။

သူတို့နှစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့က စစ်ကောင်စီတပ်သားများကလက်ထိပ်ခတ်၊ မျက်နှာဖုံးချုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း ဝိုင်းဝန်းရိုက်နှက် သွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်

သူတို့နှစ်ဦးက ၇ခိုင်လူမျိုး ပန်းရံလုပ်နေသူတွေပါ။ အေအေနဲ့ အပစ်ရပ်လိုက်ပြီဆိုတော့ လွတ်မယ်လို့မိသားစုတွေက မျှော်လင့်နေကြတာ။ ခုလို အပြစ်မရှိတဲ့သူတွေကို ထောင်ချလိုက်တဲ့ အပေါ်  အထူးစိတ်မကောင်းဖြစ်၇ပါတယ်ဟု ၎င်းမိသားစုဝင်က ဆက်လက် ပြောဆိုသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ အသက် ၇၀ နီးပါးရှိနေပြီ ဖြစ်သည့်  ကျန်းမာရေးချို့ယွင်းနေသည့် သက်ကြီးပိုင်းတစ်ဦးဖြစ်သူ ဦးချစ်စံကို အောက်တိုဘာ ၂၆ ရက်နေ့က  မြို့နယ်စစ်ကောင်စီတရားရုံးကနိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ် နှစ်ချမှတ်ခဲ့သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.