Preview

၇ခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တွင် သူခိုးများကဓားဖြင့်ခုတ်၍ နွားခြံစောင့် ၂ ဦးကို ဆေးရုံတင်ထားရ

ဒီဇင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :6067
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၂

၇ခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တောင်ပိုင်း မော၇၀တီကျေးရွာတွင် နွားသူခိုးများက ဓားဖြင့်ခုတ်၍ နွားခြံစောင့် ၂ ဦး၌ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ဆေးရုံတင်ထား၇ကြောင်း သိ၇သည်။

ပြင်းထန်ဒဏ်ရာ၇သွားသူများမှာ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာမှ ဒီလ်မာမောက်(၃၅)နှစ်နှင့် မော၇၀တီကျေးရွာမှ ဦးမဲဒုတ်(၆၀)နှစ်ခန့် တို့ဖြစ်သည်။

သူတို့ နှစ်ဦးမှာမော၇၀တီကျေးရွာရှိ နွားခြံတစ်ခုတွင်အလုပ်လုပ်နေသူများဖြစ်ကြပြီး ယနေ့ဒီဇင်ဘာလ ၁၆ ရက်နံနက်အစောကြီး  ညဥ့် နာရီကျော်တွင်ယင်းနွားခြံသို့ နွားလာခိုးသူများက ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ပန်းတောပြင်ရွာသားတစ်ဦးက "ဒဏ်ရာကတော့ ပြင်းလို့ သူတို့ကို မောင်တောဆေးရုံကိုပို့ထား၇တယ်။ ဒဏ်ရာကပြင်းတယ်။ ဘယ်လို အနေအထားရှိနေတယ်ဆိုတာတော့ မသိ၇သေးဘူး"ဟု ပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် မော၇၀တီကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးကလည်း နွားသူခိုးများထံ နွားခြံစောင့် ဦး ဓားခုတ်ခံ၇သည်မှာဟုတ်မှန်ပြီး သူ ဆေးရုံတွင်အလုပ်များနေသည့်အတွက် အသေးစိတ်မပြောနိုင်သေးဟု ပြောသည်။

အဆိုပါနွားခြံတွင် ယခင်က အစောင့်များမရှိ၍ နွားအချို့ပျောက်ဖူးသည့်အတွက် ယခုကဲ့သို့ ခြံစောင့်များထားကာ စောင့်ခိုင်းထား၇ချိန် နွားသူခိုးများ၏တိုက်ခိုက်ခြင်းကိုခံလိုက်၇ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလခန့်ကလည် မောင်တောမြို့နယ် မော၇၀တီကျေးရွာ၊ အလယ်သံကျော်၊ သရီကုန်ဘောင်နှင့် ဥဒေါင်းကျေးရွာတို့မှ နွားကောင်ရေ ၁၀ ကျော် အခိုးခံလိုက်၇သည်ဟု သိ၇သည်။

မောင်တောတွင် နွားသူခိုးများသောင်းကျန်းနေပြီးခိုးယူရရှိသည့်နွားများကို တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှေများဖြင့် တရားမဝင် ခိုးယူရောင်းချမှုများရှိနေသည်ကို သက်ဆိုင်ရာဒေသအာဏာပိုင်များကို တိုင်တန်းကြသော်လည်း ဖော်ထုတ်အရေးယူပေးခြင်းမျိုးမရှိဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်း မောင်တော-အငူမော်လမ်းတစ်လျှောက်ရှိ ဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ သရီကုန်ဘောင်၊ ရွှေဗဟို၊ ကိုင်းကြီး၊ မော၇၀တီ၊ ဥဒေါင်းနှင့် အင်းဒင်စသည့် ကျေးရွာများသည် နွားမွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.