Preview

ရသေ့တောင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦး နုတ်ထွက်စာတင်

ဒီဇင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8743
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၁/၂၀၂၂

 

၇သေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေအတွင်းရှိကျေးရွာအုပ်စု(၁၉)အုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦးသည် မန်နေ့ဒီဇင်ဘာ (၁၆) ရက်နေ့တွင် နုတ်ထွက်စာတင်လိုက်ကြောင်းသတင်းရရှိသည်။ 

 

နုတ်ထွက်စာတင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ၇သေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေမှ ကပ်ချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ဦးဂါ၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ညောင်ပင်လယ်၊ ဇီးကိုင်း၊လက်ပံပင်ရင်း၊ အနောက်ပြင်(မူဆလင်)၊ ကူတောင်၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ရေပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီး နှင့် ရွှေလောင်းတင်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။ 

 

နုတ်ထွက်စာတင်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ရပ်သူ၊ ရွာသားများကသဘောမကျမှု၊ ULA နှင့်စစ်ကောင်စီကြား တာဝန်ထမ်းဆောင်၇သည့် အခက်အခဲများအပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့၍ဖြစ်ကြောင်း ပြောသည်။ 

 

"အဓိကကတော့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အလုပ်လုပ်ရတာကအခက်အခဲတွေအများကြီး ရှိပါတယ်။ ရွာသားတွေအနေနဲ့ သဘောမတွေ့တာတွေလည်းရှိတယ်။ နောက်ပြီး ဒီမှာက ULA ကတာဝန်ယူထားတာတွေလည်း ရှိနေပြီးသားဖြစ်တာကတစ်ကြောင်းစစ်ကောင်စီ လက်အောက်မှာလည်း မလုပ်တော့ဘူးပေါ့။ULA/AA နဲ့စစ်ကောင်စီကြားမှာ အလုပ်လုပ်၇တာကလည်း အဆင်မပြေမှုတွေရှိပါတယ်ကျနော်တို့မှာလေ။ အဲ့ဒီတော့ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာကပိုကောင်းတယ်ဆိုပြီး မိမိတို့ ဆန္ဒအလျှောက်ပဲ စာတင်လိုက်ကြတာပါ"ဟုပြောသည်။

 

နုတ်ထွက်စာတင်သည့်ကိစ္စနှင့်ပတ်သက်၍ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားကိုတင်ပြနိုင်ရန်နိရဥ္စရာအနေနှင့်ဆက်သွယ်နေဆဲဖြစ်သည်။

 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ကျော်သည်လည်းစစ်ကောင်စီလက်အောက်တွင် တာဝန် မထမ်းဆောင်လို  ပြီးခဲ့သည့်နိုဝင်ဘာလ ၁၅ ရက်နေ့က   အစုလိုက်အပြုံလိုက်နုတ်ထွက်စာ တင်ခဲ့ကြသေးသည်။ (NN-7)

 

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.