နိရဉ္စရာ၊ ဒီဇင်ဘာ ၁၈/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်တွင်တာဝန်မှနုတ်ထွက်သွားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးလစ်လပ်နေရာများ၌ အစားထိုးခန့်အပ်ရန် မြို့နယ်အုပ် ချုပ်ရေးမှူးကအခုရက်ပိုင်းအတွင်းစီစဉ်နေသော်လည်းဝင်ရောက်လုပ်ကိုင်လိုသူ မရှိဖြစ်နေ၍အခက်တွေ့နေသည်ဟု သတင်းရရှိသည်။
နုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က “ ဒီကိစ္စ ဝင်ရောက်လုပ်ကိုင်လိုသူ မရှိဘူးလို့ ကြားရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလူရှာနေတယ်လို့ ကြား၇တယ်။ ဟိုဘက်ဒီဘက်ညှိနှိုင်းလို့အဆင်မပြေနိုင်ဖြ
၎င်းနောက်ပိုင်း လစ်လပ်ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများကိုအစားထိုးရန် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက စီစဉ်နေခြင်းဖြစ်သည်ဟုသိ၇သည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက်ညှပ်နေတယ်။ ပီးရင်အေအေကအုပ်ချုပ်ရေးတွေ ချထားပြီ ဖြစ်တဲ့အတွက် အခုအချိန်မှာ လုပ်ရင်လည်း ဘာမှ မထူးဘူးလေ။ နာမည်ခံသဘောဘဲရှိတာ။ အခုက ဘယ်သူမှ ဒီကြားထဲမှာမပါ၀င်လိုဖြစ်နေကြတာ”ဟု ပြောသည်။
စစ်ကောင်စီအောက်တွက် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တိုက်ပွဲဖြစ်ပွားခဲ့သည့်ရခိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကျေးရွာ အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုသတင်းပို့ရခြင်း၊ စစ်တပ်များကျေးရွာအတွင်းသို့ ဝင်ရောက်လာလျှင် အဆင်မပြေလျှင် ဆဲဆိုရိုက်ပုတ်ခံရခြင်း၊ စစ်သားများအတွက် ရိက္ခာစု၊ ကြက်သတ်၊ ထမင်းချက် အဆင့်သာရှိနေပြီတစ်စုံတစ်ရာပြဿနာဖြစ်လာလျှင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းပေးနိုင်ခြင်းလည်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောကြားသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းရက္ခိုင့်တပ်တော်နှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ပြီးနောက် ၇ခိုင်ပြည်က ကျောက်တော်၊ မြောက်ဦး၊မြို့နယ်တချို့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးများ အစု လိုက် အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။
များမကြာမီက ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး(၇၀) ကျော် နုတ်ထွက်ခဲ့သည်သာမက ယခုလ ဒီဇင်ဘာ(၁၆) ရက်ကလည်း ရသေ့တောင်မြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူး (၂၀) ကျော် နုတ်ထွက်စာတင်ခဲ့ကြသည်ဟု သိ၇သည်။
လက်ရှိအချိန်တွင်အေအေအုပ်ချုပ်ရေး ချထားသည့် ရခိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနေ