Preview

P Creation က ရခိုင်တေးဂီတပညာရှင်များကို ပထမဆုံးအကြိမ် တေးဂီတဆုချီးမြှင့်

ဒီဇင်ဘာ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :3922
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၁၉/၂၀၂၂

စစ်တွေ အခြေစိုက် PCreationကက ရခိုင်တေးဂီတပညာရှင်များကို ပထမဆုံးအကြိမ်တေးဂီတဆုများအား အသီးသီး ချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆုများကို P Creationနှင့် ၎င်း၏ ပါတနာအဖွဲ့အစည်းတစ်ခုဖြစ်သည့် AAL မီဒီယာတို့မှပူးပေါင်းပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် ညနေ  ၅ နာရီက စစ်တွေမြို့ရှိ အာရိယာန်ခန်းမတွင် အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။

P Creationကစီစဉ်ပြုလုပ်သည့် တေးဂီတဆုပေးပွဲတွင်တေးရေးဆုအား ကိုညီခိုင်သွီး၊ တေးခြင်း အကောင်းဆုံးဆုအား အဆိုတော်မိချော၊ တေးဂီတ Mixing ဆုအားကိုမျိုးမင်းလေး၊ ပရိတ်သတ်အကြိုက်ဆုံးဆုအား အဆိုတော်Shine၊ ပေါ်ပြူလာဆုအားအဆိုတော် တနင်္ဂနွေနှင့် ဂျူးထက်ထက်အောင်တို့ကအသီးသီးဆုရရှိသွားကြကြောင်း သိ၇သည်။အဆိုပါဆုများအား P Creationမွ ဆန်ကာတင်ရွေးချယ်ထားသည့် သီချင်း ၁၀ ပုဒ်အထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲက ပရိတ်သတ်အကြိုက်ဆုံးဆုကိုမူပရိတ်သတ်များမှ Votingစနစ်ဖြင့် ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။အဆိုပါတေးဂီတဆုပေးပွဲသည်ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွက်ရည်ရွယ်ပြီး ဆုချီးမြှင့်ပေးခဲ့ခြင်း ဖြစ်ကာ  အကောင်းဆုံးတေးရေးဆု၊Mixingဆု၊ တေးခြင်းအကောင်းဆုံးဆု၊ ပရိတ်သတ်အကြိုက်ဆုံးဆုနှင့်ပေါ်ပြုလာဆုတို့ ပါဝင်ကြောင်း သိ၇သည်။

အဆိုပါတေးဂီတဆုပေးပွဲကိုရခိုင်တေးဂီတပညာရှင်များအတွက် ပထမဆုံးအကြိမ် အဖြစ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အတွက်အနုပညာမှတ်တိုင်တစ်ခုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း P Creation၏ တည်ထောင်သူ ကိုဖိုးနီက နိရဉ္စရာသို့ပြောသည်။

"၇ခိုင်မှာလည်း တခါမှမရှိသေးဘူးပေါ့နော်။ ကျနော်တို့ကပထမဆုံးအကြိမ်ပြုလုပ်ဖြစ်တာပါ။ ၇ခိုင်ကအဆိုတော်တွေကိုလည်းဒီလိုမျိုးမှတ်တိုင်လေးတခုဖြစ်အောင်ပြုလုပ်ဖြစ်တာပါ။ပွဲကလည်းပထမဆုံးအကြိမ်ဆိုတော့ နဲနဲလိုအပ်ချက်တွေကရှိပါတယ်။နောက်ထပ်လုပ်လာတဲ့အခါမှာလည်း ပိုကောင်းအောင်ကြိုးစားသွားပါမယ်"ဟုပြောသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်ပြုလုပ်ဖြစ်သည့်တေးဂီတဆုပေးပွဲတွင် တေးရေးအကောင်းဆုံး ဆုကို ရရှိခဲ့သည့်အတွက်လည်းအများကြီးဝမ်းသာရပြီး ရှေ့ဆက်ရန်အတွက်အများကြီးခွန်အားရစေကြောင်းတေးရေးဆရာ ကိုညီခိုင်သွီးကပြောသည်။

"အဓိကကေတာ့ အများကြီးဝမ်းသာပါတယ်။ဒီလိုမျိုး Music awardကေတာ့ဒီလိုမျိုးက ပထမဆုံးလုပ်တဲ့အကြိမ်လို့ပြောရပါမယ်။ ကိုယ့်ရခိုင်ဒေသမှာလည်းမရှိသေးဘူး။ အရင်ကဆိုရင်တော့ စာပေဆုတွေပေးတာတွေရှိတယ်ပေါ့နော် Musicနဲ့ပတ်သက်တာကတော့ ဒါပထမဆုံးပါပဲ။ဒီပထမဆုံးအခမ်းအနားမှာပဲ ကိုယ့်သီချင်းတွေကဆန်ကာတင်ဝင်ထားတာ မြင်၇တော့အများကြီးဝမ်းသာပါတယ်။ အဲဒီအထဲမှာမှ  ကိုယ်အများကြီးအား၇တဲ့ သီချင်းနှစ်ပုဒ်နဲ့ တေးရေးအကောင်းဆုံး ဆုပေးတဲ့အတွက်လည်းဝမ်းသာပါတယ်။ နောက်ထပ်ဆက်သွားဖို့လည်းအများကြီးခွန်အားဖြစ်စေပါတယ်။ ဒီလိုမျိုးပွဲတွေလည်းနောက်ထပ်နောက်ထပ် ကိုယ်တို့ဂီတာလောကပိုပြီးစည်လာအောင်တွန်းအားတစ်ခု ဖြစ်စေတယ်လို့လည်းမြင်မိပါတယ်" ဟုပြောသည်။

နောက်ထပ်တေးခြင်းအကောင်းဆုံးဆုရရှိခဲ့သည့် အဆိုတော် မိချောကလည်းကြိုးစားထားသည်များကို အသိအမှတ်ပြုခံရသည့်အတွက် ရှေ့ဆက်ရန် အားဖြစ်စေကြောင်းနိရဉ္စရာသို့ပြောသည်။

"ဆု၇တဲ့အတွက် ဝမ်းသာပါတယ်။ ကြိုးစားထားတာတွေအသိအမှတ်ပြုခံရတဲ့အတွက်လည်း ရှေ့ဆက်ဖို့ အားဖြစ်စေပါတယ်။ ဒီလိုဆုရွေးချယ်ပေးတဲ့အတွက်လည်းအားပေးကြတဲ့ ပရိတ်သတ်တွေကိုရော၊ ရွေးချယ်ပေးတဲ့အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းလေးကို ပေးဆိုပေးတဲ့ တေးရေးဆရာကိုညီခိုင်သွီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒိလိုမျိုး ပွဲလေးတွေပေါ်လာတာအများကြီးဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ပိုလို့ကြိုးစားဖို့လည်းအားဖြစ်စေပါတယ်။ နောက်ပြီးတော့ အရည်အချင်းရှိတဲ့ သီချင်းတွေလည်းအများကြီးပိုလို့ ထွက်ပေါ်လာဖို့အခွင့်အလမ်းတွေဖြစ်လာပါတယ်ပေါ့နော်၊ထွက်ပေါ်လာဖို့လည်း ပိုလို့မျှော်လင့်ပါတယ်။ဒီလိုမျိုးပွဲလေးတွေဖြစ်လာတာကို အများကြီးလည်းဝမ်းသာပါတယ်၊ကြိုလည်းကြိုဆိုပါတယ်။ ထပ်လို့လည်း ဒီလိုပွဲတွေ အများကြီးလုပ်နိုင်ပါစေလို့ဆုမွန်ကောင်းပါတယ်" ဟုပြောသည်။
ယခုကျင်းပခဲ့သည့်တေးဂီတဆုပေးပွဲကြီးကို ၂၀၂၂ ခုနှစ်အတွက်လည်း တေးဂီတပညာရှင်များကို ရွေးချယ် ကျင်းပသွားမည့် အစီအစဉ်ရှိကြောင်းသိ၇သည်။
အဆိုပါတေးဂီတဆုပေးပွဲကို စီစဉ်ပြုလုပ်ခဲ့သည့် P Creationသည် ၇ခိုင်အနုပညာနှင့် ပတ်သက်၍ မှတ်တမ်းများနှင့် အင်တာဗျူးများရိုက်ကူးတင်ဆက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိ၇သည်။

(NN-8)
Photos - P Creation and Facebook

https://www.facebook.com/P-Creation-106911488819056/?mibextid=ZbWKwL

AAL (ArakaneseArt and Literature)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.