နိရဉ္စရာ၊ဒီဇင်ဘာ ၁၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် တောထဲသို့ဝါးခုတ်ရန်သွားသည့် ကျေးရွာသား နှစ်ဦး ၂ဦး အသတ်ခံလိုက်၇သည်ဟု သတင်းရရှိသည်။
၎င်းတို့ ၂ ဦးမှာမောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ဦးသိန်းထွန်းနှင့် အသက် (၃၆)နှစ်အရွယ်ဦးဘသန်းတို့ဖြစ်ကြသည်။
သူတို့နှစ်ဦးသည်ယမန်နေ့ဒီဇင်ဘာလ ၁၈ ရက်၊ မနက် ၈ နာရီခန့်တွင်နေအိမ်အတွက်လိုအပ်သည့် ဝါးများခုတ်ရန် တောထဲသို့ဝါးခုတ်သွားရာမှအိမ်ပြန်မရောက်ရှိပဲပျောက်ဆုံးနေသဖြင့် ယနေ့ ရွာသားများလိုက်ရှာရာမှသူတို့နှစ်ဦး၏ အလောင်းကို မြေမြုပ်၍ တွေ့ရှိခဲ့သည်ဟု ရှာဖွေရာတွင် ပါဝင်သူရွာသားတစ်ဦးက ပြောသည်။
“ အခု အလောင်းတွေ့ပါတယ်။ မြေမြုပ်ပြီးတွေ့တာပါ။ နေ့လယ် ၁ နာရီလောက်ကပါ။အခုဒီလောက်ပဲ ပြောလို့၇ပါမယ်”ဟု ပြောသည်။
ပျောက်ဆုံးနေသည့်ဦးသိန်းထွန်းနှင့်၊ ဦးဘသန်းတို့ ယနေ့ ဒီဇင်ဘာလ၁၉ရက်၊ မနက် ၆ နာရီမှစတင်ပြီး ကျေးရွာသားများက စုပေါင်း လိုက်ရှာကြရာထူးခြားသည့် အထောက်အထားတချို့ကိုတွေ့ရသည်ဟုလည်းလိုက်ရှာရာတွင်ပါဝင်သည့် ကျေးရွာသားတစ်ဦးက ပြောသည်။
"မနက်စောစောကနေ ကျွန်တော်တို့လိုက်ရှာနေတာ။ သူတို့ကို သတ်သွားတဲ့နေရာအနီးမှာလည်း ထူးခြားမှုတွေ တွေ့ရတယ်။ပြောရရင်တော့ သူတို့နှစ်ယောက်က အဖမ်းခံ၇ပြီးတဲ့နောက် အသတ်ခံ၇တဲ့ပုံစံပါ ။စခန်းချ တဲထိုးပြီးနေခဲ့တဲ့ နေရာတွေ တွေ့၇တယ်။ ဆိုလာပြားတွေ။ မီးဖိုခဲ့တဲ့ နေရာတွေကိုလည်းတွေ့
ပြီးခဲ့သည့်အောက်တိုဘာလ၂၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ အသက် ၆၈နှစ်အရွယ်အမျိုးသား ၁ဦး တောထဲသို့ ခြံ စည်းရိုးတိုင်ခုတ်ရန်သွားရာမှသုံးရက်ကြာပျောက်ဆုံးနေရာမှ ပြန်