Preview

ပုဏ္ဏားကျွန်းဆင်အင်းကြီးရွာကို လူမှုကူညီရေးအဖွဲ့တစ်ခုက ကျပ်သိန်း ၇၀ ကျော်ဖိုး သွားရောက်ထောက်ပံ့

ဒီဇင်ဘာ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :7365
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂၁/ ၂၀၂၂

 

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာတွင် ပြီးခဲ့သည့်လက စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြ၇သူများ၏ ကျန်နေခဲ့သည့်မိသားစုများနှင့်နေအိမ်မီးရှို့ခံခဲ့၇သည့်မိသားစုဝင်များအတွက်လူမှုကူညီရေးအဖွဲ့တစ်ခုက ယနေ့တွင် ကျပ်သိန်း ၇၀ ကျော်ဖိုးသွားရောက်လှူဒါန်းခဲ့သည်ဟု သိ၇သည်။

 

၎င်းလှူဒါန်းမှုကို ပုဏ္ဏားကျွန်းမြို့နယ်လူထုကူညီထောက်ပံ့ရေးအဖွဲ တစ်ခုက  ယနေ့ ဒီဇင်ဘာလ ၂၁ ရက်၊ နေ့လယ် ၂ နာရီတွင်ဆင်အင်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သွားရောက် ထောက်ပံ့ခဲ့ကြခြင်းဖြစ်ကြောင်း သိ၇သည်။

 

ောက်ပံ့ရာတွင် အသတ်ခံခဲ့၇သူ၁၁ ဦးအတွက် ကျန်ရစ်သူ မိသားစု တစ်စုလျှင် ကျပ် ၃ သိန်း၊ဒဏ်ရာ၇သူ ၆ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃ သိန်း၊ကျန်ဒဏ်ရာမပြင်းထန်သူ ၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁ သိန်း စီထောက်ပံ့ပေးခဲ့သည်ဟုသိ၇သည်။

 

နေအိမ်မီးလောင်ဆုံးရှုံးသွားသူ အိမ်ထောင်စု၉ စုအတွက် တစ်စုလျှင် ကျပ် ၂ သိန်းတို့ကို ထောက်ပံ့ခဲ့ကြသည်။

 

ယင်းအပြင်ဆင်အင်းကြီးကျေးရွာပြန်လည်ထူထောင်ရေးအတွက် ကျပ် ၅ သိန်းကိုလည်းထောက်ပံ့ခဲ့သေးသည်ဟု သွားရောက်ထောက်ပံ့ခဲ့သူ ပုဏ္ဏားကျွန်းမြို့နယ်လူထုကူညီထောက်ပံ့ရေးအဖွဲ့မှကိုထွန်းထွန်းက ပြောသည်။

 

အဓိကတော့ သူတို့တွေရဲ့စားရေးသောက်ရေးအတွက် အတိုင်းအတာတစ်ခုထိအဆင်ပြေအောင် ကျနော်တို့တတ်နိုင်သလောက်လေး ထောက်ပံ့တာပါ။ ကိုယ့်မြို့နယ်သားတွေဖြစ်တဲ့အတွက်လည်းကျနော်တို့မှာ ကူညီထောက်ပံ့ဖို့ တာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် အခုလို သွားရောက် ထောက်ပံ့တာပါဟု ပြောသည်။

 

ယခုထောက်ပံ့သည့်ငွေကြေးများမှာပြီးခဲ့သည့် ၃ ရက်ခန့်က ပုဏ္ဏားကျွန်းမြို့အတွင်း လှည့်လည်ကောက်ခံထားသည့်အလှူငွေများဖြစ်သည်ဟုလည်းဆိုသည်။

 

နိုဝင်ဘာလ၁၀ ရက် နံနက် ၇ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနှင့်ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် စစ်တပ်ရိက္ခာကားတစ်စီးကို အေအေတပ်ဖွဲ့ဝင်များက  မိုင်းဆွဲတိုက်ခိုက်၇ပြီးနောက် စစ်ကောင်စီစစ်ကြောင်း တစ်ခုသည် ဆင်အင်းကြီးကျေးရွာထဲသို့ဝင်ရောက်လာပြီး အသက် ၉၀ အရွယ် အဖွားအို တစ်ဦးအပါအဝင် ရွာသား တစ်ဆယ်ခန့်ကို သတ်ဖြတ်ပြီးနေအိမ်များကိုလည်း မီးရှို့သွားခဲ့သည်။

 

၎င်းပြင် စစ်ကောင်စီဘက်က  အထိနာ အကျအဆုံးများရှိခဲ့သည့်အတွက်လူနေကျေးရွာများ အနီးဝန်းကျင်ကို ၇ဟတ်ယာဉ်ဖြင့် ပစ်ခတ်သလိုပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနှင့် စစ်တွေအခြေစိုက်တပ်ရင်းအချို့တို့ကလည်းလက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိ၇သည်။

 

အဆိုပါ ဆင်အင်းကြီးဖြစ်စဉ်တွင်စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှင့်ဒရုန်းများကို အသုံးပြု၍ တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှကလေးနှင့် သက်ကြီးပိုင်အချို့အပါအဝင် ရွာသား ၁၁ ဦးသေဆုံးပြီး ၆ဦးဒဏ်ရာ၇ကာ နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

 

လက်ရှိတွင်ထိခိုက်ပျက်စီးခဲ့ရသူများတွင် အခက်အခဲများအပြားနှင့်ရင်ဆိုင်ကြုံတွေ့နေ၇ပြီး သူတို့မိသားစုဘ၀ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟုကိုယ်တိုင်သွားရောက်ခဲ့သူများက ပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.