Preview

AA ကိုရန်ပုံငွေကောက်ခံပေးသည့်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ဦးလေမောင်သိန်းကို ရဲစခန်းမှ ထောင်အချုပ်သို့ ရွှေ့ပြောင်း

ဒီဇင်ဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :5803
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/၂၀၂၂

ရက္ခိုင့်တပ်တော်(AA) ကိုရန်ပုံငွေကောက်ခံပေးသည်ဟုစွပ်စွဲပြီးမတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇()ဖြင့်တရားစွဲခံထား၇သူဦးလေမောင်သိန်း( တရားရုံးတွင်အမည်လှမောင်သိန်း) ကို ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်တွေအမှတ် () ရဲစခန်းမှ ထောင်အချုပ်သို့ ရွှေ့ပြောင်းလိုက်ပြီဟု သတင်းရရှိသည်။

စစ်တွေမြို့နယ်တရားရုံးတွင် ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ယခုလ၁၆ရက်နေ့ကတရားလို စစ်ကောင်စီအရာရှိ ရုံးချိန်းတက်ရောက်လာခဲ့ပြီး နောက် ၄ ရက်အကြာတွင် ထောင်အချုပ်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူကပြောသည်။

ကျွန်မယောကျာ်းကိုကြိမ်မြောက်ရုံးထုတ်တဲ့နေ့မှာရွှေ့ပြောင်းလိုက်တာပါ။အရင်ကြိမ်ကတော့စစ်တပ်ကတရားလိုမရောက်ဘူး။ကြိမ်မြောက်မှာတော့သူလာတယ်။ကျွန်မယောကျာ်းကိုမတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇() နဲ့မဟုတ်မမှန်အမှုဖွင့်တရားစွဲဆိုထားပါတယ်ဟုပြောသည်။

အသက် ၄၂ နှစ်အရွယ် ဦးလေမောင်သိန်းနှင့် မိသားစုများတွေ့ဆုံခွင့်၇ပြီး၎င်းမှာရိုက်ပုတ်နှိပ်စက်ခံ၇သဖြင့်ခန္ဓာကိုယ်

တစ်ခုလုံးနာကျင်နေသည်ဟုသိ၇ကြောင်း  ဦးလေမောင်သိန်းဇနီးဖြစ်သူက ဆက်လက်ပြောသည်။

" တရားရုံးမှာ တရားလိုဘက်က ကျွန်မယောကျာ်းအေအေကိုငွေကောက်ခံတယ်လို့စစ်ကြာရေးမှ ဝန်ခံခဲ့တယ်ဆိုပြီးတော့ ပြောတာပေါ့။ အဲ့ဒီတော့ ကျွန်မယောကျာ်းကိုလေမောင်သိန်းက ကျွန်တော် တစ်ခါမှ မပေးဖူးဘူး။ ကျွန်တော်ကို  အဲသလိုစစ်ကြောရေးမှာပြောခဲ့၇တယ်ဆိုတာကလည်း ညှဉ်းပမ်းနှိပ်စက် အရိုက်ခံ၇တဲ့အတွက်  အသားနာတာ မခံနိုင်လို့ ပြောခဲ့၇တာပါလို့  တရားရုံးမှာထွက်ဆိုပါတယ်" ဟုပြောသည်။

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်တွင် နေထိုင်သည့် ဦးလေမောင်သိန်းနှင့် ဇနီးဖြစ်သည့်သူမကိုပါအောက်တိုဘာ ရက်နေ့ ညဉ့် ၁၁နာရီ အချိန် ဧည့်စာရင်းစစ်စဉ် စစ်ကောင်စီတပ်နှင့်အပေါင်းပါလက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး သူမကို စစ်တွေ အမှတ် ()ရဲစခန်းတွင် မေးမြန်း စစ်ဆေးပြီး၊ နောက်တစ်ရက်အကြာ အောက်တိုဘာ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးလေမောင်သိန်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုဇနီးဖြစ်သူကပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာ ၁၄ရက်တစ်ကြိမ်၊  နိုဝင်ဘာ ၂၅ရက် တစ်ကြိမ်၊ဒီဇင်ဘာ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ၁၆ရက်တစ်ကြိမ်()ကြိမ်တိတိရုံးထုတ်ခဲ့သည်ဟုသိ၇သည်။

" ကိုလေမောင်သိန်းကို အခုကမိသားစုနဲ့တွေခွင့်၇ပါတယ်။ သူလည်းကျန်းမာနေပါတယ်။ ထပ်ပြီး နှိပ်စက်တာတွေမရှိဘူးလို့ ပြောပါတယ်။မနေ့က စစ်တွေအမှတ် () ရဲစခန်းကနေ ထောင်ချုပ်ကို ပို့လိုက်ပြီလို့ အဲ့က ရဲသားတစ်ယောက်ကဖုန်းဆက်ပြောပါတယ်။ ကျွန်မယောကျာ်းကအပြစ်မရှိတဲ့အတွက်ပြန်လွှတ်ပေးစေချင်ပါတယ် " ဟု ဇနီးဖြစ်သူကဆက်ပြောသည်။

ဦးလေမောင်သိန်းကို စရဖထောက်လှမ်းရေးက ရဲလက်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က လွှဲအပ်ခဲ့ပြီး၊ အေအေကို ငွေကောက်ပေးသည်ဟုဆိုကာ မြန်မာစစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇()ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးလေမောင်သိန်းကိုစစ်တွေ အမှတ် ()ရဲစခန်းမှ ၂လကျော်ကြာချုပ်နှောင်ထားပြီး၊ စစ်တွေထောင်ချုပ်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ဦးလေမောင်သိန်းသည် ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာဇာတိဖြစ်ပြီ စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ဇနီးဖြစ်သူနှင့်အတူ အဖမ်းမခံ၇မီ လခန့်က ပြောင်းရွှေ့လာကာ သစ်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်ဟု သိ၇သည်။ (NN-13)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.