Preview

မောင်တော ဝက်ကျိန်း(မြို)ကျေးရွာမှ မီးရှို့ခံလိုက်ခံရသည့် နေအိမ် ရ လုံး ပြန်လည်တည်ဆောက်ရန်အကူအညီများလိုအပ်နေ

ဒီဇင်ဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :1786
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၂/၂၀၂၂

ပြီးခဲ့သည့် နိုဝင်ဘာလ၁၃ ၇က်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေချိန်အတွင်မောင်တောမြို့နယ်မြောက်ပိုင်း  ဝက်ကျိန်း(မြို) ကျေးရွာမှ မီးရှို့ခံလိုက်၇သည့် နေအိမ် ၇လုံးကို ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်းကျေးရွာသားများက ပြောသည်။

 

ကျေးရွာသားတစ်ဦးက"တိုက်ပွဲဖြစ်နေလို့ ကျနော်တို့ ခုံတိုင်ကျေးရွာကို ထွက်ပြေးနေကြတဲ့ အချိန်မှာ မီးရှို့ခံလိုက်၇တာပါ။ ရွာသားတွေအားလုံးက ထွက်ပြေးနေကြတဲ့အချိန်မှာ ဖြစ်တာပါ။  အိမ်မီးရှို့ ခံထား၇တဲ့ သူတွေအထဲက  အိမ်မရှိတော့လို့  အခုထိရွာကို ပြန်မလာ ကြသေးတာလည်း ရှိပါတယ်။ နေမယ့်အိမ်လည်း မရှိတော့ သူများရွာက နေအိမ်တွေမှာ ခိုကပ်နေ၇တယ်လေ။အကူအညီပေးကြရင်တော့ကျေးဇူးအရမ်းတင်မိမှာပါ။ အခုအိမ်တွေ ပြန်ဆောက်ဖို့ အခက်အခဲအရမ်း ဖြစ်နေကြပါတယ်။ တိုက်ပွဲဖြစ်နေလို့ အလုပ်အကိုင်လည်း မဖြစ်ဘူးလေ။အိမ်ကိုတော့ပြန်ချင်တာပါပဲ။ အိမ်ပြန်မဆောက်နိုင်သေးတော့အိမ်ကိုမလာနိုင်ကြတာပါ" ဟု ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်၊ ညနေလေးနာရီခန့်က ဝက်ကျိန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင် ဝက်ကျိန်းကျေးရွာမ လူနေအိမ် ရ လုံး မီးရှို့ခံခဲ့၇သည်။

ကျေးရွာသားများမှာဘေးလွတ်ရာလုံခြုံမည့် အနီးအနား ကျေးရွာများသို့ ထွက်ပြေးနေကြ၍နေအိမ်များကို မည်သူမည်ဝါက မီးရှို့လိုက်သည်ကို မသိရှိရကြောင်းရွာသားများကပြောသည်။

မီးရှို့ခံလိုက်ရသည့်နေအိမ်၇ လုံးအထဲတွင်  သွပ်မိုး၊ ပျဉ်စီပျဉ်ထောင် အိမ်တစ်လုံးပါဝင်ပြီး ကျန်နေအိမ်များသစ်၊ ဝါး၊ ဒမနိမိုးအိမ်များဖြစ်ကြောင်းသိ၇သည်။

လက်ရှိတွင်အဆိုပါနေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် ကျေးရွာသားများမှာအခက်အခဲများရှိနေပြီး အထောက်အပံ့အကူအညီများလိုအပ်နေသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

 

ကျွန်တော်တို့မှာ အလုပ်အကိုင်လည်းမရှိဘူး။ တောတောင်တွေကို တက်ပြီး သစ်တွေ ဝါးတွေခုတ်ဖို့ကလည်းမဖြစ်နိုင်ဘူး။ တောတောင်တွေကို သွားဖို့က အန္တရာယ်များတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာကမီးလောင်သွားတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ ကူညီပေးစေချင်ပါတယ်ဟု ပြောသည်။

အဆိုပါဝက်ကျိန်းကျေးရွာအနီးတွင် ပြီးခဲ့သည့်နိုဝင်ဘာလက ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ မကြာခဏဆိုသလိုတိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဝက်ကျိန်းမြိုကျေးရွာအုပ်စုတွင် အိမ်ခြေ ၇၀ ရှိပြီး အဆိုပါ အိမ်ခြေများအထဲတွင် ဒိုင်းနက်လူမျိုးအိမ်၂ ဆောင်လည်းပါဝင်ကြောင်း သိ၇သည်။


(NN-8)
ဓာတ်ပုံ-Mro Youth Union

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.