နိရဉ္စရာ၊ဒီဇင်ဘာ ၂၂/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် အသက် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦးဆိုင်ကယ်တိုက်ခံ၇၍ ခြေထောက် ခြေချင်းဝတ်ကျိုးသွားသဖြင့် တစ်ခြားရွာသို့ ဟွန်ဒါစက်လှေငယ်တစ်စီးဖြင့် ဆေးကုသရန် လိုက်ပို့စဉ် တစ်ခြားစက်လှေကြီးတစ်စီးမှ ဝင်တိုက်ရာမှ ဟွန်ဒါစက်လှေငယ်ပေါ်ပါလာသူ တစ်ဦးပျောက်ဆုံးနေပြီး တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူမှာ စေတီပြင် စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ၇သေ့တောင်မြို့နယ်၊ရေစိုးချောင်းကျေးရွာမှ အသက်(၄၀)ကျော်အရွယ် ဦးသန်းရွှေလှိုင် ဖြစ်ပြီးဒဏ်ရာရရှိသွားသူမှာတစ်ရွာတည်းနေ ဦးမောင်သာစိန် (၄၆)နှစ်ဖြစ်သည်ဟုသိ၇သည်။
ဒေသခံတစ်ဦးက"ကယ်ဆယ်ရေးစခန်းက ဆိုင်ကယ်နဲ့ဝင်တိုက်မိလို့ဘယ်ဘက်ခြေထောက် ခြေချင်းဝတ်ကျိုးသွားတဲ့ ကလေးကိုပြင်ရှည်ကျေးရွာမှာ တိုင်းရင်းဆေးနဲ့ကုသဖို့သွားတာ။ ဟွန်ဒါစက်လှေပေါ်မှာ လူ ၅ ဦးပါတယ်။ အဲ့ဒါလမ်းတစ်ဝက် ဇို့ပြင်ချောင်းထဲမှာစက်လှေကြီးတစ်စီးက ဝင်တိုက်တော့ လိုက်ပါပို့ဆောင်ပေးတဲ့ အမျိုးသားတစ်ဦး ဟွန်ဒါလှေပေါ်ကနေ ရေထဲပြုတ်ကျသွားပြီး အခုအချိန်ထိပျောက်ဆုံးနေတယ်။ နောက်တစ်ယောက်တော့ဘယ်လက်ကျိုးသွားတယ်။ ပျောက်ဆုံးနေသူကိုတော့ ရှာ
အသက်(၈)နှစ်အရွယ်မောင်ကျော်ဆန်းဌေးသည် ဒီဇင်ဘာလ၂၁ရက်နေ့၊ညနေ ၄ နာရီအချိန်ခန့် လောက်က စစ်ဘေးရှောင်စခန်း လမ်းထဲ၌ ဆော့ကစားနေစဉ် ဆိုင်ကယ်တိုက်ခံ၇၍ဘယ်ခြေထောက် ခြေချင်းဝတ်ကျိုးသွားသဖြင့် ဟွန်ဒါစက်လှေတစ်စီးဖြင့် တိုင်းရင်းဆေးဖြင့် ဆေးကုရန် လိုက်ပါပို့ဆောင်စဉ်စက်လှေအချင်းချင်း တိုက်မိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဆိုင်ကယ်တိုက်ခံ၇၍ဘယ်ခြေထောက်ခြေချင်းဝတ်ကျိုးသွားသည့် မောင်ကျော်ဆန်းဌေးနှင့် စက်လှေချင်းဝင်တိုက်မိကြ၍ဒဏ်ရာရှိသွားသူ ဦးမောင်သာစိန်တို့ကို လက်ရှိတွင်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြသည်ဟုသိ၇သည်။
ပျောက်ဆုံးသည့် ဦးသန်းရွှေလှိုင် ကိုယခုအချိန်ထိရှာဖွေနေဆဲဟုလည်းသိ
ယင်းအပြင် ဆေးကုသရန်သွားသည့်စက်လှေအားဝင်တိုက်မိသည့် စက်လှေပိုင်ရှင်ထွက်ပြေးသွား၍ ရက္ခိုင့်တပ်တော်(AA)မှ အပူတပြင်းလိုက်ရှာနေသည်ဟု စေတီပြင်ရွာသားများမှ တစ်ဆင့်သိ
ပုံစာ- စေတီပြင် စစ်ဘေးရှောင်စခန်း