နိရဉ္စရာ၊ဒီဇင်ဘာ ၂၃/၂၀၂၂
အိမ်ခြေ ၁၀၀ ကျော်မီးရှို့ခံထားရသည့် ကျောက်တော်မြို့နယ်တင်းမရွာမှ စစ်ပြေးရှောင်ရွားသားများအနေဖြင့် နေရပ်ပြန်ခွင့်ရရန် စစ်ကောင်စီ တာဝန်ရှိသူများထံသို့ (၉)ကြိမ်မြောက်စာရေးတောင်းဆို လိုက်သည်ဟု သတင်းရရှိသည်။
တင်းမဆရာတော်ဦးဝါယာမိန္ဒက "အခုအခြေအနေကတော့ အပစ်အခတ်တွေကလည်းငြိမ်းချမ်းနေပြီဆိုတော့ ရွာသူ၊ ရွာသားတွေက နေရပ်ပြန်ချင်ကြတယ်။ကယ်ဆယ်ရေးစခန်းတွေမှာ ၃နှစ်လုံး နှစ်ရှည်လများ ငတ်တစ်လှည့်ပြတ်တစ်လှည့်နေလာ၇တာ
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့စပြီး ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတို့ အလွတ်သဘော အပစ်ရပ်ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းမရှိတော့၍တင်းမကျေးရွာသားများ အနေဖြင့် နယ်ရပ်ပြန်ရန် စာရေးတင်ပြထားသည်ဟု သိ၇သည်။
ရွာသားတစ်ဦးက “ ရွာကိုပြန်လို့မရဘူး။ တောင်ရှည်တောင်မှာ စခန်းချနေတဲ့ စစ်တပ်က ရွာမှာ လူတွေတွေ့ရင် သေနတ်တွေနဲ့လှမ်းပစ်တယ်။ ဒါကြောင့် ရွာပြန်ခွင့်ရဖို့ စာရေးတောင်းဆိုရတာ ဖြစ်ပါတယ်။ ကိုယ့်ရပ်ရွာကိုပြန်ပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်ပါပြီ။ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်ဒုက္ခမခံချင်တော့ပါ”ဟု ပြောသည်။
၂၀၂၀ခုနှစ် မတ်လအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တင်းမကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုသည် တင်းမသစ်ကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသား ၈ ဦးကိုမျက်နာဖုံးစွပ်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင်တစ်ဖန် တင်းမကြီးကျေးရွာမှရွာသား ၁၀ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းထားခံခဲ့၇သူများမှာ ယနေ့အထိသတင်းအစအနမ၇ဘဲ ပျောက်ဆုံးနေပြီး စစ်တပ်ကသူတို့ကို သတ်ပစ်လိုက်ပြီဟု အများကယူဆထားကြသည်။
ထိုသို့ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တင်းမကြီးနှင့် တင်းမသစ်ကျေးရွာ ၂ ရွာမှ ရွာသားများအားလုံး ကြောက်လန့်၍အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့၇ပြီးနောက် မတ် ၂၂ရက် တွင် စစ်တပ်က ရွာကိုစတင်မီးရှို့သဖြင့် နေအိမ်၁၀၀ ကျော် မီးလောင် ပျက်စီးသွားခဲ့သည်။
တင်းမရွာသစ်နှင့် တင်းမကြီးကျေးရွာသည် လက်ရှိ အချိန်တွင် ခြုံ၊ နွယ်၊ ပိတ်ပေါင်းတို့ဖြင့် လွှမ်းခြုံနေပြီးတစ်ရွာလုံးပျက်စီးလုနီးပါးအခြေ
"အိမ်တွေကတော့ ခြုံနွယ်ပိတ်ပေါင်းတွေလွှမ်းခြုံပြီးပျက်စီးနေပြီ။ နေအိမ်တွေက သစ်တွေကိုလည်းတစ်ချို့တွေက ဖြိုဖျက်ပြီး လိုသလိုယူဆောင်သွားကြတယ်။ ရွာကိုပြန်လည်ထူထောင်မယ်ဆိုရင်တစ်ရွာလုံးကိုပြန်လည်ပြုပြင်
တင်းမကျေးရွာသည် ကုလားတန်မြစ်အရှေ့ဘက်၊ကျောက်တော်မြို့နှင့် ပလက်၀မြို့အကြား မြစ်ကမ်းဘေးတွင်တည်ရှိကာအိမ်ခြေ(၆၀၀)ရှိ ရွာကြီးတစ်ရွာဖြစ်သည်။
လက်ရှိတွင် တင်းမကျေးရွာသားများသည်၃နှစ်လုံးလုံး နှစ်ရှည်လများ ကျောက်တော်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများနှင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်း
(ပုံစာ-၂၀၂၀ ခုနှစ်ကတင်းမကျေးရွာရှိ နေအိမ် ၁၀၀ကျော် မီးရှို့ခံ၇ပုံ။)