Preview

စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ တောင်ကုတ်ဒေသခံတစ်ဦး ဘယ်ဖက်နံရိုးကျိုးသွားသဖြင့်ဆေးကုသမှုခံယူရ

ဒီဇင်ဘာ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :2125
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၂၃/၂၀၂၂

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှိုဟင်းတောကျေးရွာမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသည့် ဒေသခံတစ်ဦးစစ်ကြောရေးတွင်စစ်ဆေးစဉ်နှိပ်စက်ခံ၇၍ ဘယ်ဖက် နံရိုးကျိုးသွားကာဆေးကုသမှုခံယူနေရကြောင်း သိ၇သည်။၎င်းမှာ တောင်ကုတ်မြို့နယ်မှိုဟင်းတောကျေးရွာချောင်းနားလမ်းနေ အသက်၄၀ ကျော်အရွယ် ဦးသန်းထွန်းဖြစ်ကြောင်းသိ၇သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ၎င်း၏နေအိမ်မှ တောင်ကုတ်မြို့အခြေစိုက်တပ်စခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဉ်အတွင်း၎င်း၏ ဘယ်ဖက်နံရိုးကျိုးသွားကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။

၎င်းကိုတောင်ကုတ်အခြေစိုက်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထားပြီးနိုဝင်ဘာလ ၁၈ ရက်မှ တောင်ကုတ်မြို့မရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကာနိုဝင်ဘာ ၂၂ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်ဟုသိ၇သည်။

 ၎င်းအားရုံးချိန်းရုံးထုတ်ရာတွင် မိသားစုနှင့်တွေ့ခွင့်၇၍ ဆေးကုသမှုခံယူလိုကြောင်းပြောကြားလာသဖြင့် စခန်းမှူးအား တင်ပြခဲ့ရာ  ပြီးခဲ့သည့်ဒီဇင်ဘာလ ၈ ရက်က တောင်ကုတ် ဆေးရုံကြီးတွင် ပြသခွင့်၇ခဲ့ပြီးယမန်နေ့ဒီဇင်ဘာလ ၂၂ ရက်က နောက်ထပ်တစ်ကြိမ် ဆေးခန်းပြသခွင့်၇ခဲ့သည်ဟု သိ၇သည်။

ဆေးရုံမှ တစ်လစာဆေးများပေးအပ်လိုက်ကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။

" နိုဝင်ဘာ ၁၈ ရက်နေ့ရောက်တုန်းက ရဲစခန်းကိုရွှေ့လာပြီလို့ကြားပေမယ့်  တွေ့လို့လည်းမရခဲ့ဘူး၊အချုပ်ကိုရောက်တယ်လို့ပဲ ကြား၇တာ။နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာတော့စကားပြောခွင့်၇တော့ ဆေးကုချင်တယ်လို့ သူကစခန်းမှူးဆီမှာအကြောင်းကြားထားတယ်ဆိုပြီးပြောတယ်။ မနေ့ကတော့ ဆေးခန်းက ဆေးတစ်လစာ ပေးလိုက်ပါတယ်။ အရင်တခါကတော့ဓာတ်မှန်တွေဘာတွေရိုက်၇တယ်။ ဆေးခန်းသွားပြတဲ့အခါမှာတော့တုတ်တုတ်နဲ့သွား၇တယ်၊ ရဲသားသုံးယောက်လောက်ကတော့ လိုက်ပေးတယ်" ဟုပြောသည်။

ဦးသန်းထွန်းအား မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့်တောင်ကုတ်အခြေစိုက် ခမ၇ ၃၄၆ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုလုပ်ကာတရားစွဲထားခြင်းဖြစ်ကြောင်းသိ၇သည်။

၎င်း၏ရုံးချိန်းများတွင်လည်းတရားလိုဘက်မှ ရုံးချိန်းမှန်မှန်လာရောက်ခြင်းမရှိသဖြင့် အမှုအခြေအနေမှာလည်းတိုးတက်လာမှုမရှိသေးကြောင်း မိသားစုဝင်များကပြောသည်။

" ဒီလိုမျိုးနောက်ထပ်လူတွေကိုလည်းအဖမ်းမခံစေချင်ဘူး။ ကိုယ်ကတခုမှမလုပ်ဘဲနဲ့ လူများ လက်ညိုးထိုးပြီး ချောက်ချရုံနဲ့ဒီလိုမျိုးအဖမ်းခံ၇တာက ပြည်သူတွေ ထမင်းစားနေဖို့တောင် မကောင်းတော့ဘူး။ နောက်ထပ်လည်းဒီလိုမျိုးမဖြစ်စေချင်ဘူး။ မှန်ကန်တဲ့ဥပဒေနဲ့ မှန်ကန်တဲ့လုပ်ရပ်မျိုးပဲလုပ်စေချင်တယ်"ဟုပြောသည်။

လက်ရှိတွင်၎င်းအားတောင်ကုတ်မြို့မရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားပြီး လာမည့်ဒီဇင်ဘာလ ၂၆ရက်အား ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်းသိ၇သည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ထားသော်လည်းတစ်ကျော့ပြန်တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် ဒေသခံများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတို့ဖြင့် တရားစွဲဆိုမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.