Preview

တန်းခိုးဆရာထွန်းဂီတဆုရှင် ရခိုင်ဂီတစာဆိုဆရာဦးဒိုးမောင်ကွယ်လွန်

ဒီဇင်ဘာ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :2418
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂၀၂၂

၇ခိုင်ဂီတစာဆို တေးရေးဆရာကြီးဆရာဦးဒိုးမောင် (၇၆) နှစ်သည် လူကြီးရောဂါဖြင့်ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၀ နာရီအချိန် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

တန်းခိုးဆရာထွန်းဂီတဆုရှင် ၇ခိုင်ဂီတစာဆိုတေးရေးဆရာကြီး ဦးဒိုးမောင်ကွယ်လွန်သွားခြင်းသည်အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ၇ခိုင်အဆိုတော်ကြီးတစ်ဦးဖြစ်သူ ဦးမောင်သိန်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

ဘ၀မှာအစားထိုးလို့မ၇တဲ့ သမိုင်းမှတ်တမ်းဝင် တစ်ဦး ဆုံးရှုံးသွားတယ်လို့ခံစား၇တယ်။ ပြီးတော့ ကျွန်တော်ဆိုထားတဲ့ သာသနာ့အမွေခံဆိုတာကလည်း ဆရာရေးတာလေ။ဆရာဆုံးသွားပေမဲ့၇ခိုင်ပြည်လုံးမှာဒီသီချင်းကပျံ့နှံ့ပြီးကျန်နေခဲ့မှာ ဖြစ်ပါတယ်။ ကျွန်တော်လည်း သရက်တောင်ရွာကို ရောက်နေလို့ ကိုယ်တိုင်လည်းမသင်္ဂြိုလ်နိုင်တဲ့အတွက် အများကြီးခံစား၇ပါတယ်။ ဆရာတွေလည်းတစ်ဦးပြီးတစ်ဦး ဆုံးသွားကြပြီး အစားထိုးမရတဲ့ ဆရာတစ် ယောက် ပါဟု ၎င်းက ပြောသည်။

ဆရာဦးဒိုးမောင်မှာတန်းခိုးဆရာထွန်းဂီတစာပေဆုကို သာသနာ့အမွေခံသီချင်းနှင့် ၂၀၁၄ခုနှစ်က ရရှိခဲ့သူဖြစ်သည်။

ဆရာဦးဒိုးမောင် ရေးစပ်ခဲ့သည့်၇ခိုင်သီချင်းများမှာငယ်ပေါင်း၊ မွီးရပ်မြေသို့အလွမ်းပြေ၊တောပန်း ကြာညို၊ ကြည့်ချစ်မေ၊ တောင်စိုင်ရွာမိုး၊ ကျွန်းသားမှာလည်းအသဲနဲ့ပါ၊  လွမ်းစေတီနဲ့စောမဲကျီ၊ ကထိန်အလှူ တော်မင်္ဂလာနှင့်သာသနာ့အမွေခံစသည့် သီချင်းများအပါအဝင် တခြားနာမည်ကြီး သီချင်းများကိုလည်းရှိကြောင်း သိရှိ၇သည်။

၎င်းသီချင်းများကို အဆိုတော်ဦးမောင်သိန်း၊ ဦးကျော်လှနှင့် ဇော်ဝင်းတို့ သီဆိုထားသည်ဟု သိ၇သည်။ ရခိုင်အဆိုတော်ကိုခိုင်ကျော်လင်းကလည်း ဆရာဒိုးမောင် ကွယ်လွန်သွားသည့်အပေါ် သူ့လူမှုကွန်ယက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။သေခြင်းတရားကို သက်ရှိဟူသမျှလွန်ဆန်လို့မ၇နိုင်ပါ။ အချိန်တန်တန် မတန်တန်၊ အသက်ပင်ကြီးကြီးအသက်ပင်ငယ်ငယ် သွားကြရပေမဲ့ အသက်ရှင်စဉ်ကာလ အခိုက်အတန့်မှာဘ၀ဆိုတဲ့စာအုပ်ထဲမှာ ကိုယ့်ဘ၀ကိုကိုယ် လူသားတိုင်းအတွက် အကျိုးရှိရှိအကြောင်းအရာတွေကို မှတ်ကျောက်တင် ရေးစပ်ဖို့ အရေးကြီးတယ်လို့ထင်မိပါတယ်။ဆရာဒိုး တာဝန်ကျေပါတယ်ဟု ရေးသားထားသည်။

ဆရာဦးဒိုးမောင်မှာ ၁၉၆၀ခုနှစ်နောက်ပိုင်းတွင် အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး အဆိုတော် တစ်ဦးဖြစ်ဖို့ဆန္ဒရှိခဲ့သော်လည်း အဆိုတော်တစ်ဦးမဖြစ်ဘဲ တေးရေးဆရာတစ်ယောက် အဖြစ် ရပ်တည်ခဲ့သူဖြစ်သည်ဟု သိ၇သည်။

 ၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် ၇ခိုင်မိုနို အဆိုတော်ကြီး ဦးမောင်သိန်းတို့နှင့်အတူစစ်တွေမြို့ ဆင်ကူးလမ်း ရပ်ကွက်တွင် သစ္စာရှင်တီးဝိုင်းကိုထူထောင်ပြီး ပင်တိုင်တေးရေးဆရာတစ်ဦးအဖြစ် ရခိုင်အနုပညာလောကတွင် ရှောက်လှမ်းခဲ့သည်ဟု သိ၇သည်။

ဆရာကွယ်လွန်ချိန်တွင် အသက်၇၆ နှစ်ရှိပြီး သားနှစ်ဦးနှင့် သမီးနှစ်ဦးကျန်ရစ်ခဲ့ပြီး ဆရာရုပ်အလောင်းကိုဒီဇင်ဘာလ ၂၅ ရက်နေ့ စစ်တွေမြို့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိ၇သည်။

Photo – Thar Shwe Oo FB

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.