Preview

၇ခိုင်တွင် ၂ ရက်အတွင်း သားမိ ၃ဦးအပါအဝင် လူ ၅ ဦး ရေနစ်သေဆုံး

ဒီဇင်ဘာ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :9856
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၂၃/ ၂၀၂၂

 ၇ခိုင်ပြည်နယ်တွင်ဒီဇင်ဘာ၂၁ ရက်နှင့် ၂၂ ရက် (၂ ရက်တွင်း) သားမိ ၃ဦးအပါအဝင် လူ ၅ ဦးရေနစ်သေဆုံးခဲ့သည်ဟုသိ၇သည်။

အဆိုပါရေနစ်မြုပ်သေဆုံးခဲ့သည့် လူ၅ ဦးမှာ ကျောက်ဖြူမြို့နယ်တွင် သားမိ ၃ဦး၊  ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁ဦးနှင့် ၇သေ့တောင်မြို့နယ်တွင် ၁ ဦးတို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့နယ်တွင် သေဆုံးသွားကြသည့်သားမိ ၃ ဦးမှာ ကုလားဘာကျေးရွာမှ မိခင်ဖြစ်သူဒေါ်မဖြူတင်(၃၈)နှစ်၊ သမီးကြီးဖြစ်သူအသက်(၁၅)နှစ်အရွယ် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့်သမီးငယ်ဖြစ်သူ အသက်(၃) နှစ်အရွယ် မစုမြတ်နှင်းတို့ ဖြစ်ကြသည်။

=၎င်းသားမိ ၃ ဦးသည် ဒီဇင်ဘာလ ၂၂ ရက်နေ့၊နံနက်ပိုင်းက ရွာအပြင်ချောင်းနံဘေးတွင်ရှိသည့် ဥယျာဉ်ခြံအတွင်းရေလောင်းရန်သွားစဉ် ချောင်းထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်း ဖြစ်သည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးကပြောသည်။

"ဥယျာဥ်ထဲကစိုက်ပျိုးထားတဲ့အပင်တွေကို ချောင်းထဲကရေခပ်ပြီးရေလောင်းရာကနေ ရေနစ်ပြီးသေတယ်လို့ သိရတယ်။ပထမတော့ သမီးငယ်ရေနစ်တာ။ အဲ့ဒါကို သမီးကြီးကဆယ်ရင်း သမီးကြီးပါရေနစ်လို့ မိခင်ဖြစ်သူကပါဆင်းဆယ်ရင်းကနေ ရေနစ်သေတာလို့ သိ၇တယ်" ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

 သေဆုံးသွားသည့် ကျောက်ဖြူမြို့မှသားမိ ၃ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၊ ညနေ ၃နာရီအချိန်ခန့်က ဥယျာဥ်ခြံဘေးနားရှိ ချောင်းထဲမှာတွေ့ရှိခဲ့ပြီးသူတို့ ၃ဦး၏ ရုပ်အလောင်းကို ကျေးရွာရှိ သုဿာန်၌  ညချင်းတွင် မြေမြုပ်သင်္ဂြိုလ်လိုက်သည်ဟု သိ၇သည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊သရက်ချိုကျေးရွာမှ အသက်(၃၈)နှစ်အရွယ် ဦးအောင်မျိုးထွန်း မှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ရက် နေ့လယ် ၁၁နာရီကျော်အချိန်တွင်ရွာအနီးရှိချောင်းအတွင်း ငါးဖမ်းသွားရာမှ စက်လှေပေါ်မှ ပြုတ်ကျကာရေနစ်သေဆုံးခဲ့သည်ဟု သိ၇သည်။

"သူကတော့ အရက်မူးနေပုံရတယ်။စက်လှေနဲ့ငါးဖမ်းသွားရာကနေ စက်လှေပေါ်ကပြုတ်ကျပြီး ရေမြုပ်သေတာ။ မနေ့ကမိသားစုဝင်တွေက အလောင်းကိုရှာပေးပါဆိုပြီး အကူညီတောင်းခံလာလို့ကျွန်တော်တို့ကူရှာပေးခဲ့ပါတယ်" ဟု အလောင်းအားကူညီရှာဖွေပေးခဲ့သည့်ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း၏အတွင်းရေးမှူး ကိုမောင်မောင်သန်းက ပြောသည်။

ဦးအောင်မျိုးထွန်း(၄၈)နှစ်၏ ရုပ်အလောင်းကိုယနေ့ဒီဇင်ဘာလ ၂၃ရက်နံနက် ၉နာရီအချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ပဲသူနန်းကျေးရွာချောင်း၀အနီး၌တွေ့ရှိခဲ့ပြီးယနေ့ နေ့လယ်  ၁နာရီအချိန်က သင်္ဂြိုလ်လိုက်သည်ဟု သိ၇သည်။

၇သေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင် စခန်းတွင်လည်းဒီဇင်ဘာ ၂၁ရက်နေ  ညနေ ရနာရီခန့်က စက်လှေချင်းတိုက်မိ၍အသက်(၄၀)ကျော်အရွယ်ဦးသန်းရွှေလှိုင်မှာ ဟွန်ဒါစက်လှေပေါ်က ပြတ်ကျကာ ေမြုပ်ကာသေဆုံးခဲ့သည်ဟုသိ၇သည်။

၎င်းသေဆုံးသူသည် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှစေတီပြင်ကျေးရွာစစ်ဘေးရှောင် စခန်းတွင် နေထိုင်သူဖြစ်ပြီး အသက်(၈)နှစ်အရွယ် ဆိုင်ကယ်တိုက်ခံ၇သည့်ကလေးငယ်တစ်ဦး ကို တစ်ဦးကို ဟွန်ဒါစက်လှေငယ် တစ်စီးနဲ့  ဆေးကုရန် လိုက်ပို့စဉ် ဇို့ပြင်ချောင်းတွင် စက်လှေကြီးတစ်စီးက ၎င်းဟွန်ဒါစက်လှေကို ဝင်တိုက်ရာက ရေထဲပြုတ်ကျ သေဆုံးသွားခဲ့သည်ဟု သိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.