Preview

ရခိုင်စစ်ဘေးရှောင်များအတွက် နိပွန်ဖောင်ဒေးရှင်းကလှူဒါန်းသည့်ဆန်အိတ် ၅၀၀၀၀ကျော်မှ ၃၉၀၀၀ အိတ်ကို လှူဒါန်းခဲ့ပြီဟုဆို

ဒီဇင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :2025
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂၄/၂၀၂၂

ရခိုင်စစ်ဘေးရှောင်စခန်းတည်ရှိရာ မြို့နယ်(၁၁)ခုအတွက် ပွန်ဖောင်ဒေးရှင်းကလှူဒါန်းသည့်ဆန်အိတ် ၅၀,၀၀၀ကျော်အထဲမှ ၃၉၀၀၀အိတ်ခန့်ကို လှူဒါန်းပြီးဖြစ်ကြောင်း သိ၇သည်။ 

ရခိုင်စစ်ဘေးရှောင်များအတွက် ပွန်ဖောင်ဒေးရှင်းကလှူဒါန်းထားသည့်ဆန်အိတ်များကို အောက်တိုဘာ ၁၈ ရက်နေ့မှစတင်ကာမြို့နယ်အလိုက် ဆက်တိုက်လှူဒါန်းလျက်ရှိပြီး  ဆန်အိတ်ပေါင်း ၅၅၀၀၀ကျော်ထဲမှ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ဆန်အိတ်ပေါင်း ၃၉၀၀၀ ခန့်ကို လှူဒါန်းပြီးဖြစ်ကြောင်းဆန်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ဦးဝင်းအောင်ကနိရဥ္စရာကိုပြောသည်။

"လှူတာက ဆက်တိုက်လှူနေတာပါ။မြောက်ဦးမှာလှူတယ်။ကျောက်တော်မှာ ူတယ်။မင်းပြား၊ပေါက်တော၊ မြေပုံကတော့ ပြီးသွားပြီး။ ဒီနေ့တော့ ဘူးသီးတောင်၊ မောင်တောလှူဖြစ်တယ်။ ၇သေ့တောင်နဲ့ပုဏ္ဏားကျွန်းပဲ ကျန်တယ်"ဟု ပြောသည်။

 အများအားဖြင့် စစ်ဘေးရှောင်တစ်ဦးလျှင်ပျဉ်းမျှဆန်တစ်အိတ်နှုန်းနှင့် လှူဒါန်းပေးနေခြင်းဖြစ်ပြီးလူဦးရေများသည့် တချို့ စခန်းများတွင် အခြေအနေအ၇ ခွဲဝေလှူဒါန်းပေးနေကြောင်းသိ၇သည်။ 

 ဆန်များကိုဒီဇင်ဘာ လမကုန်ခင်းအပြီးလှူဒါန်းနိုင်ရန် မျှော်မှန်းထားပြီးဆောင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ ရခိုင်မှစစ်ဘေးရှောင်များအတွက် နပွန်ဖောင်ဒေးရှင်းအနေနှင့် အနွေးထည်များ ထပ်မံလှူဒါန်းရန် စီစဉ်နေကြောင်းဦးဝင်းအောင်က ဆက်ပြောသည်။ 

 "ဒီဇင်ဘာထဲမှာ အပြီးလှူသွားဖို့အတွက်ပြင်ဆင်နေပါတယ်။ အခုဆောင်းလည်းဝင်ပြီဆိုတော့ နောက်ပိုင်းရခိုင်မှာရှိတဲ့ ကလေး၊ လူငယ်၊လူရွယ်၊ သက်ကြီးရွယ်အိုတွေအတွက်အနွေးထည် လှူဒါန်းပေးဖို့စီစဉ်နေတာတော့ရှိတယ်"ဟု ပြောသည်။ 

 ၇ခိုင်ပြည်နယ်အတွင်း စစ်တွေ၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊မောင်တောစသည့် မြို့နယ် (၉)မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှဒုက္ခသည်များအတွက် ဂျပန်နိုင်ငံ ပွန်ဖောင်ဒေးရှင်းကဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ပြီးခဲ့သည့် မေလမှစတင်ပေးပို့ခဲ့သော်လည်း စစ်ကောင်စီဘက်က ၇ခိုင်တွင် တိုက်ပွဲများဖြစ်နေ၍ဟု အကြောင်းပြကာထိုဆန်များကိုလှူဒါန်းခွင့်အား တားမြစ်ထားခဲ့သည်။

 အောက်တိုဘာလ၉ ရက်ခန့်ကမှ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကအဆိုပါဆန်များကို လှူဒါန်းခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ 

 အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောတို့ကို ဆက်တိုက်လှူဒါန်းခဲ့ပြီးယနေ့ ဘူးသီးတောင်နှင့် မောင်တောကို ဆက်လက်လှူဒါန်းခဲ့ပြီးဖြစ်၍ နောက်ထပ်၇သေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို လှူဒါန်းရန်သာကျန်ရှိတော့သည်ဟုသိ၇သည်။

 ဂျပန်နိုင်ငံ ပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလခရီးစဉ်အတွင်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေဆုံစဉ်နှုတ်ဖြင့် ကတိပေးလှူဒါန်းထားခဲ့ခြင်းဖြစ်ပြီးမေလတွင် ပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။(NN-7)

 

(ဓာတ်ပုံ- ဦးဝင်းအောင်ပို့စ် )

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.