Preview

ကျောက်တော် နေပူခံစစ်ဘေးရှောင်စခန်းတွင် ပါးအကျိတ်နာဖြစ်နေသော်လည်း ဆေးဝါးမရှိ၍ မကုသရဖြစ်နေ

ဒီဇင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :5295
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/၂၀၂၂

ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင်စခန်းတွင် ကလေး၊ လူကြီးများပါမကျန် ပါးအကျိတ်နာ ဖြစ်ပွားနေသည်မှာရက်ပေါင်း ၁၀ ကျော်ကြာနေပြီဖြစ်သော်လည်း ကျန်းမာရေးဌာနတွင်ဆေးဝါးလုံလောက်မှု မရှိ၍ လာရောက်ကုသပေးမှု ပြုလုပ်နိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်အေးစောက ကျန်းမာရေးဌာနတွေက လူတွေကသူတို့မှာ ဆေးအခက်အခဲကြောင်း မလာရောက်နိုင်ဘူးလို့ ကျွန်တော်တို့ကိုအကြောင်းပြန်တယ်။ ကျွန်တော်တို့ကလည်း ဒီကိစ္စကိုစိုးရိမ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးတယူ လုပ်ပေးစေချင်ပါတယ်။

ပါးကျိတ်ရောင်ရောဂါမှာ ကူးစက်တတ်သဖြင့် စစ်ဘေးရှောင်များမှာစိုးရိမ်နေကြကြောင်း သိရှိ၇သည်။

အခုက ကလေးရောလူကြီးရောဖြစ်နေကြတာ။ တချို့ကဖျားကြတယ် တချို့ကျတော့လည်း အစာစားလို့မဝင် အဲလိုမျိုး ရ ရက် ၈ ရက်လောက်ခံ၇တယ်။ တချို့ဆေးခန်းပြနိုင်သူတွေကတော့လေးငါး ရက်နဲ့ပျောက်သွားပေမဲ့ ဆေးခန်းမသွားနိုင်တဲ့သူတွေကတော့အများကြီးခံ၇တာပေါ့။

ယခုကဲ့သို့ ဖြစ်ပွားနေခြင်းမှာရက်ပေါင်း ၁၀ ကျော်ခန့်ရှိနေပြီး လက်ရှိအချိန်တွင် လူပေါင်း ၂၀ခန့်ဖြစ်ပွား နေပြီး တချို့မှာဖြစ်ပြီး ပြန်ကောင်းသွားသူများလည်းရှိကြောင်းသိရှိ၇သည်။

 စစ်ဘေးရှောင်တစ်ဦးက အခုကတစ်ဦးပြီးတစ်ဦးဖြစ်နေတယ်။ လူကြီးတွေရော၊ ကလေးတွေကအစဖြစ်နေကြတာ။ အခုဆေးဝါးကုဖို့လည်းအခက်အခဲရှိနေကြတယ်။ ပါးကျိတ်ရောင်တော့ ဖျားကြတယ်။ အစားအစာလည်း မစားနိုင် မသောက်နိုင်ဖြစ်နေကြ၇တယ်ဟု ပြောဆိုသည်။

အဆိုပါ ကျန်းမာရေးကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။ ပါးကျိတ်ရောင်ရောဂါမှာ မကြာသေးမီကလည်းကျောက်တော်မြို့တွင် ဖြစ်ပွားမှုများရှိခဲ့ပြီးကြောင်း သိရှိ၇သည်။

ပါးကျိတ်ရောင်ရောဂါမှာ ကူးစက်တတ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်ပွားလျှင် အနည်းဆုံးတစ်ပတ်ခန့် ကြာမြင့်ကာဆေးခန်းပြပီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူထားခြင်းက အကောင်းဆုံးဖြစ်ကြောင်းလည်းကျောက်တော်မြို့ခံ တစ်ယောက်က ပြောသည်။

---------------------------

photo- umg ayesaw FB

#ကျန်းမာရေးစောင့်ရှောက်မှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.