နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆ /၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူများနှင့် တရားစွဲဆိုထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်မိသားစုများက တောင်းဆိုလိုက်သည်။
ကျောက်တော်မြို့နယ်၊ သဇင်(ခေါ်)ကာဒီကျေးရွာမှ AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင် ဦးလှမောင်သိန်း၏အမျိုးသမီးဒေါ်လှအေးဆန်းက "အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားကြချိန် AA သံသယနန့်ဖမ်းထားတဲ့ သူတို့တွေကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ကျမအမျိုးသား စစ်သားတွေရိုက်ထားတဲ့ဒဏ်တွေကြော
ဦးလှမောင်သိန်း (၄၃)နှစ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ကကျောက်တော်မြို့နယ် ကန်စောက်တပ်ရင်း ခမ၇(၅၃၉)တပ်ရင်းမှူးက ဆေးနွေးစရာရှိသည်ဟု ဖုန်းဆက်ခေါ်ဆို၍ အဖော်တစ်ဦးနှင့် သွားတွေ့စဉ်ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
ဖမ်းဆီးထားပြီးနောက် ၂ လကြာမှ သူ့ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာစစ်တွေခရိုင်တရား ရုံး၌ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့်တရားစွဲခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်က ရုံးထုတ်စဥ်တွင်လည်း စစ်ပုန်ကန်မှုရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ ဖြင့် ထပ်တိုး တရားစွဲခံထားရကာ စစ်တွေထောင်အချုပ်တွင်ထိန်းသိမ်းခံထား၇သည်။
မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂)နှစ်ကိုလည်း ဇွန်လ ၂၂ ရက်က မြောက်ဦးမြို့ထဲသို့တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးမောင်းရန် အိမ်မှ ထွက်သွားစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကစစ်ဆေးစရာရှိသည်ဟုဆိုကာ မြောက်ဦးရှိ ၅၄၀ တပ်ထဲသို့ ဖမ်းဆီးခေါ်ယူခဲ့ပြီးနောက်ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခဲ့ပြီး ဖမ်းဆီးခံထားရချိန် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကြောင့် ရန်ကုန်သို့ပင် သွားရောက်ဆေးကုသမှု ခံယူခဲ့၇သေး
ယင်းနောက် သူသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ရုံးချိန်းတွင်လည်းနောက်ထပ် မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)ဖြင့် ထပ်တိုး တရားစွဲခံခဲ့ရပြီး ငွေကြေး အခက်အခဲကြောင့် ရှေ့နေ မငှားနိုင်ဟု ဇနီးဖြစ်သူမလှမြင့်က နိရဥ္စရာကို ပြောဆိုထားသည်။ "ရှေ့နေကတော့ ငွေကြေးမတတ်နိုင်လို့မငှားနိုင်ပါဘူး။ အခု ကျမတို့မှာရှေ့နေမရှိဘဲ ရင်ဆိုင်နေ၇တာပါ။ သူ့မှာ ဘာအပြစ်မရှိတဲ့ အတွက် ခုလို ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာအမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်"ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေကောက်ခံပေးသည်ဟု စွပ်စွဲပြီးမတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထား၇သည့် စစ်တွေမြို့ စက်ရုံးစု ရပ်ကွက်မှ ဦးလေမောင်သိန်း(တရားရုံးတွင် အမည်လှမောင်သိန်း) ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်သည်ဟု ဇနီးဖြစ်သူကပြောသည်။
" ကိုလေမောင်သိန်းကို အခုကမိသားစုနဲ့တွေခွင့်ရပါတယ်။သူလည်းကျန်းမာနေပါတယ်။ ထပ်ပြီး နှိပ်စက်တာတွေမရှိဘူးလို့ ပြောပါတယ်။ ကျွန်မယောကျာ်းကိုမတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ မဟုတ်မမှန် အမှုဖွင့်တရားစွဲဆိုထားပါတယ်။ ကျွန်မယောကျာ်းက အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးစေချင်ပါတယ် " ဟုဇနီးဖြစ်သူကဆက်ပြောသည်။
စစ်တွေမြို့၊စက်ရုံစုရပ်ကွက်မှ ဦးလေမောင်သိန်းနှင့် ဇနီးဖြစ်သည့် သူမကိုပါ အောက်တိုဘာ ၅ ရက် ညဉ့် ၁၁နာရီအချိန် ဧည့်စာရင်းစစ်စဉ် စစ်ကောင်စီတပ်နှင့် အပေါင်းပါ လက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဦးလေမောင်သိန်း ၁၇(၁) ဖြင့် တရားစွဲဆိုခံခဲ့၇သည်။
သူ့ကို ပြီးခဲ့သည့် အောက်တိုဘာ၃၁ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာ ၁၄ရက်တစ်ကြိမ်၊ နိုဝင်ဘာ ၂၅ရက် တစ်ကြိမ်၊ ဒီဇင်ဘာ ၉ ရက်တစ်ကြိမ်၊ဒီဇင်ဘာ ၁၆ ရက်တစ်ကြိမ် (၅) ကြိမ်တိတိ ရုံးထုတ်ခဲ့သည်ဟု သိ၇သည်။
AA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်မှစတင်ကာ ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌမစ္စတာဆာဆာကာဝါ၏ကြားဝင်ညှိနှို
“အခုဖမ်းဆီးခံရတဲ့သူတွေ၊ ကျနော်တို့ အပြစ်မဲ့ပြည်သူတွေမတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံ
လက်ရှိအပစ်အခတ်ရပ်စဲထားသည့်အနေ
၇ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် AA နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ရာနှင့်ချီရှိနေသည်ဟုသိ၇သည်။
သူတို့လွတ်မြောက်ရေးကြိုးပမ်းဆေ
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့ဆိုလျှင်၁ လတိတိကြာမြင့်သွားပြီ ဖြစ်သော်
AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများ၏ကျန်းမာရေး
၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲများမတိုင်မီ စစ်ကောင်စီနှင့် AAတို့ စစ်ရေး တင်းမာချိန်ကတည်းက အပြစ်မဲ့ပြည်သူအများအပြားဖမ်းဆီးခံခဲ့ရပြီး တချို့မှာပြန်လည်လွတ်မြောက်လာသေ
ဖမ်းဆီးခံခဲ့ရသူများတွင် အစိုးရဝန်ထမ်းများဖြစ်သည့်ပညာရေးဝန်ထမ်းများ၊ ထွေ/အုပ် ဝန်ထမ်းများလည်းပါဝင်
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ