Preview

အမ်းမြို့နယ်တွင် ကလေးနှစ်ဦးမိခင်အား ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဓမ္မပြုကျင့်ရန်ကြံစည်၊ ULAထံသို့ တိုင်ကြားထားသော်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိဟုဆို

ဒီဇင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :3816
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၂၆/၂၀၂၂

ရခိုင်ပြည်နယ်၊အမ်းမြို့နယ် ညောင်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ကလေးနှစ်ဦး မိခင်အား ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်အား ULAထံသို့ တိုင်ကြားထားသော်လည်းထိထိရောက်ရောက်ဆောင်ရွက်ခြင်းမရှိဟု ကာယကံရှင်က ပြောသည်။

အဓမ္မပြုကျင့်ရန်ကြံစည်ခံရသူမှာ အမ်းမြို့နယ် ညောင်ချောင်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် *** ဖြစ်သည်။

သူမသည် ညောင်ချောင်းကျေးရွာတွင်၄ နှစ်အရွယ်သားဖြစ်သူနှင့် ၁ နှစ်အရွယ် သမီးဖြစ်သူတို့နှင့်အတူနေထိုင်သူဖြစ်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသဖြင့် သားသမီးနှစ်ယောက်နှင့်အတူ သုံးဦးတည်းအတူနေထိုင်ရခြင်းဖြစ်ကြောင်း သိ၇သည်။

၎င်းအား အဓမ္မပြုကျင့်ရန်ကြံစည်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ULA/AAမှ တာဝန်ပေး ခန့်အပ်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး****  (၅၀ ကျော်အရွယ်) ဖြစ်ကြောင်းသိ၇သည်။

၎င်းတို့နှစ်ဦးသည်ရင်းနှီးသည့် ဆက်ဆံရေးလည်းမဟုတ်ကြောင်း သိ၇သည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၁၃ ရက်၊ ညည့် ၂ နာရီဝန်းကျင်အချိန်ခန့်က ၎င်းနှင့်ကလေးနှစ်ယောက် အတူနေထိုင်သည့် အိမ်သို့အဆိုပါအုပ်ချုပ်ရေးမှူးရောက်ရှိလာပြီး သူမ၏ လက်မောင်းများအားဖမ်းချုပ်လိုက်သဖြင့် သူမမှာ အိပ်ရာမှလန့်နိုးလာခဲ့ပြီးထိုအချိန်တွင် အုပ်ချုပ်ရေးမှူးက လက်မောင်းများကိုချုပ်ကိုင်ထားသည့်လက်တစ်ဖက်ဖြင့် ၏အဝတ်များကို ချွတ်ရန်ကြံစည်နေရာတွင်  ၎င်းအား "အိမ်ပေါ်မှဆင်း"ဟု အော်ဟစ်က မောင်းထုတ်လိုက်သဖြင့်၎င်းအုပ်ချုပ်ရေးမှူးသည် ဆင်းပြေးသွားကြောင်း သူမကနိရဉ္စရာသတင်းဌာနကို ပြောသည်။

သူမအနေဖြင့် ဆင်းရဲသော မိသားစုဖြစ်၍ အမှန်တရားကို ဖော်ထုတ် အရေးယူပေးစေလိုသည်ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခက စွပ်စွဲခံရသူ ကျေးရွာအုပ်ချုပ်ရေးမှူးအား နိုဝင်ဘာ ၁၉ ရက်က ထိန်းသိမ်ထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တရားရုံး လုပ်ထုံးလုပ်ထုံးနှင့် အညီ တရားစွဲဆိုထားပြီး စစ်ဆေးနေကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်ကြိမ်းရုံးထုတ် စစ်ဆေးခဲ့ပြီဖြစ်ကြောင်း၊ လုံး၀ အရေးယူမှု မရှိဟု ပြောဆိုခြင်းမှာမဟုတ်မှန်ကြောင်း ပြောကြားသည်။


#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.