Preview

မောင်တောမြို့နယ်တွင် အစိုးရဝန်ထမ်းနှင့်ဒေသခံပြည်သူအချို့ စစ်ကောင်စီဖမ်းဆီးမည်ကို ကြောက်၍ ထွက်ပြေးတိမ်းရှောင်နေရဟုဆို

ဒီဇင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :8706
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂၆/၂၀၂၂

၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစိုး၇ဝန်ထမ်းအချို့နှင့်ဒေသခံပြည်သူအချို့  စစ်ကောင်စီ ဖမ်းဆီးမည်ကို စိုးရိမ်ကြောက်လန့်၍ထွက်ပြေးတိမ်း၇ှောင်နေ၇သည်ဟုသတင်းရရှိသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ရက်ကတည်းက ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက် အလွတ်သဘော အပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်း စစ်ကောင်စီကဖမ်းဆီးမည်ဟု သတင်းထွက်နေ၍ ထွက်ပြေး တိမ်း၇ှောင်နေ၇သည်ဟု အမည်မဖော်လိုသူ စိုးရဝန်တစ်ဦးကနိရဥ္စရာကိုပြောသည်။

"အေအေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ဖမ်းနေတော့တချို့သူတွေက မင်းလည်းပါတယ်။ ငါလည်းပါတယ်ဆိုပြီး စိုးရိမ်နေကြတာပေါ့။ တချို့ဝန်ထမ်းတွေဆိုရုံးတောင် မတက်ရဲကြဘူး။ ထွေအုပ်က ဝန်ထမ်းတစ်ယောက်လည်း ရှောင်နေပါတယ်။ ပညာရေးဝန်ထမ်း တစ်ယောက်ကိုလည်း ရှာနေတယ်လို့ ပြောသံကြားတော့ သူလည်း ရှောင်နေ၇ပါတယ်။ နောက်ပြီး ကောလဟလအသံထွက်တဲ့သူတွေလည်းရှိပါသေးတယ်" ဟုပြောသည်။

ထိုကဲ့သို့ တိမ်းရှောင်နေ၇သူသည်များမှာမောင်တောမြို့နယ်ရှိ နယ်ပယ်အသီးသီးကဖြစ်ကြပြီး ဖမ်းဆီးမည်ဟု သတင်းထွက်နေသည်မှာ လူပေါင်း ၁၀၀ ခန့်တောင်ရှိနေသည်ဟု သိရှိ၇ကြောင်း ၎င်းကဆိုည်။

နောက်အစိုး၇ဝန်ထမ်းတစ်ဦးက" မြို့ဦးရပ်ကွက်က  ထွေအုပ်စာရေးတယောက်ကိုလည်း အေအေနဲ့ ဆက်စပ်သံသယနဲ့ နေအိမ်ကနေ စ်ကောင်စီကဖမ်းထားပါတယ်။ ခုလိုဆိုတော့လူတွေကတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ နေနေကြ၇တယ် ဒီလိုအချိန်မျိုးမှာ အစစအရာရာ ဖြေလျော့ပေးဖို့လိုပါတယ်" ဟုပြောသည်။

မောင်တောမြို့နယ်၊မြို့မမြောက်ရပ်ကွက်နေထိုင်သူ ကိုစောသီဟအောင်ကိုလည်း  ပြီးခဲ့သည့်နိုဝင်ဘာ ၂၆ရက်နေ့က ဖမ်းဆီးထားသည်ဟု သိ၇သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီနယ်လုံဝန်ကြီးနှင့် မောင်တောမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။တစ်ခြား လွှတ်တော်အမတ်ဟောင်းတချို့ကို ဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

လက်ရှိ စစ်ကောင်စီနှက့်  ရက္ခိုင့်တပ်တော်တို့ အပစ်အခတ်ရပ်ထားသော်လည်း  ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်သူများဟု ခေါင်းစဉ်တပ်ကာ စစ်ကောင်စီက ထပ်မံဖမ်းဆီးလာမည်ကို စိုးရိမ်နေ၇သည်ဟု၎င်းတို့က ပြောဆိုသည်။(NN- 13)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.