Preview

ဘူးသီးတောင်တွင် ပေါက်ကွဲသံအချို့ ကြားခဲ့ရဟုဆို

ဒီဇင်ဘာ ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :3333
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂ /၂၀၂၂

အပစ်အခတ်ရပ်စဲထားပြီး တစ်လခန့်အကြာတွင် ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးသံများနှင့် အတူ ပေါက်ကွဲသံအချို့ကို ကြားခဲ့၇ကြောင်း ဒေသခံများက ပြောကြားသည်။ 

ဒီဇင်ဘာ ၂၆ ရက် ံနက်ပိုင်းကဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာအနီး စစ်တပ် တပ်စွဲထားသည့် တောင်အနီးမှပေါက်ကွဲသံတစ်ချက်ကြားခဲ့၇ကြောင်း ဒေသခံများက ပြောသည်။ 

နွားရုံတောင်ကျေးရွာသားတစ်ဦးက "သူတို့ရှိတဲ့ တောင်ဘက်က ပေါက်ကွဲသံတစ်ချက်ကြားရတယ်။ဒါပေမယ့် တခြား ဘာမှတော့ မကြား၇တော့ဘူး။ မိုင်းလား၊လက်နက်ကြီးလား မသဲကွဲဘူး" ဟု ပြောသည်။

ဒီဇင်ဘာ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင်လည်း ဘူးသီးတောင် တပ်မမှ လက်နက်ကြီးသံ (၄)ချက်ကြားခဲ့၇ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။ 

"မနေ့က ညနေ၃ နာရီခွဲလောက်က ဘူးသီးတောင်တပ်မကနေ လက်နက်ကြီးသံနှစ်ချက်စကြား၇တယ်၊ မကြာဘူး နောက်ထပ်နှစ်ချက်ကြား၇တယ်။ လေ့လာကြည့်တော့ လက်နက်ကြီးကျည်တွေ  ဖျက်ဆီးတာလို့ ပြောပါတယ် သေချာတော့ မသိဘူး"ဟုဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့အပစ်အခတ်ရပ်စဲထားချိန်တွင် လက်နက်ကြီးသံများကြားနေရသည့်အတွက် ဒေသခံများကြားစစ်ရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေ၇ကြောင်း ၎င်းက ဆက်ပြောသည်။ 

"လက်နက်တွေဖျက်ဆီးမယ်ဆိုလည်းကြိုတင်သတိပေးထားတာမျိုးတော့ လုပ်သင့်တယ်ထင်တယ်။ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာလည်းမကြာသေးဘူးလေ။အပစ်ခတ်ရပ်ထားတယ်ပြောပြီး အခုလို လက်နက်ကြီးသံတွေကြားရတော့ စိုးရိမ်တယ်။ပြန်ဖြစ်ကြတာလား။ ဘယ်လိုဖြစ်တာလဲပေါ့"ဟု ပြောသည်။

 ဒီဇင်ဘာ(၈) ရက်နေ့ ကလည်း မင်းပြားမြို့နယ်မှာရှိ အမှတ် (၉)တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှလက်နက်ကြီး၊လက်နက်ငယ်များ အချက်ပေါင်းများစွာ ပစ်ခတ်မှုရှိခဲ့ကြောင်း သိ၇သည်။(NN-7)

#စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.