နိရဉ္စရာ၊ဒီဇင်ဘာ၂၇/ ၂၀၂၂
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီကစီစဉ်နေရာ၎င်းတို့အားပြန်ပို့မည်ဆိုပါကရွာများအနီးတပ်စွဲထားသောစစ်စခန်းများကိုရုတ်သိမ်းရန်၊ ပျက်စီးနေအိမ်များ ပြန်ဆောက်ပေးရန်နှင့် မိုင်းများကိုရှင်းလင်းပေးရန်လိုအပ်သည်ဟုစစ်ဘေးရှောင်များက ပြောကြားသည်။
စစ်ဘေးရှောင်စခန်းများကိုပိတ်သိမ်းနိုင်ရန်နှင့် စစ်ဘေးရှောင်များကိုနေရပ်ပြန်ပို့ရန်၇ခိုင်ပြည်နယ် အဆင့် လုပ်ငန်းကော်မီတီအစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးအဖွဲ့ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီးနောက်နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီးစစ်ဘေးရှာင်များကထိုသို့တုံ့ပြန်ပြောကြားခဲ့ကြခြင်းဖြစ်သည်။ မြောက်ဦးမြို့ မြို့ဂေါင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ တစ်ဦးက “ စစ်ဘေးရှောင်တွေကို ပြန်ပို့မယ်လို့ သတင်းကြားနေ၇တယ်
မဟာမုနိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးကလည်း ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ရုပ်သိမ်းမှုမရှိသည့်အပြင် ပျက်စီးသွားသည့် နေအိမ်များကို ပြုပြင်မပေးဘဲ နေရပ်ပြန်ရန် မဖြစ်နိုင် ကြောင်း ယခုကဲ့သို့ ပြောသည်။
“ ပထမတစ်ချက် ရွာတွေအနီးမှာ စကစက တပ်စွဲထားတာ ရှိနေတော့ ရွာသားတွေက ကြောက်လို့ မပြန်ရဲ တာ က တစ်ကြောင်း။ နောက်တခုက ဒီအတိုင်း ပြန်သွားကြဆိုလို့မ၇ဘူး။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ပြီး တည်ထောင်ပေးဖို့လိုတယ်။ အခုက ဘာအစီအစဉ်မှလည်း ချထားတာ မတွေ့၇ဘူး။ လက်ရှိမှာလည်း စစ်ဘေး ရှောင်တွေက အကြောက်တရား ရှိနေကြတယ်ဆိုတော့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
အလားတူ၇သေ့တောင်မြို့ပေါ်တွင်ခိုလုံနေသည့်စစ်ဘေးရှောင်တစ်ဦးက“ ကျွန်တော်တို့လည်းပြန်ချင်ပါတယ်။ဒါပေမယ့်ထီးစွဲရွာ၊ဆောက်ခတ်ရွာ၊မညှင်းတောင်တို့မှာစစ်သားတွေကရွာအနီးမှာနေရာယူထားကြတယ်။တချို့စစ်သားတွေဆိုရင်ရွာထဲမှာစခန်းချနေထိုင်နေကြတယ်။စစ်ဘေးရှောင်တွေကိုနေရပ်ပြန်ပို့မယ်ဆိုရင်အရင်ဒီစစ်သားတွေကိုအရင်ဖယ်ရှားဖို့လိုပါမယ်” ဟုပြောဆိုသည်။
၇ခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်းက “၇ခိုင်ပြည်တွင် တည်ငြိမ်မှုများ ပြန်လည်ရရှိလာပြီ
အစည်းအဝေးတွင်ပြောဆိုခဲ့သည်။
အဆိုပါစစ်ကောင်စီကရခိုင်စစ်ဘေးရှောင်များအားနေရပ်ပြန်ခိုင်းရန်စီစဉ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီးမြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းကယခုလိုဝေဖန်ပြောကြားသည်။
“သူတို့တွေက အခုမှမဟုတ်ဘူး။ စစ်ဘေးရှောင်စခန်းတွေကို အသိမှတ်မပြုတာနဲ့ စစ်ဘေးရှောင် တွေကို နေရပ်ပြန်ခိုင်းတာနဲ့ စစ်ကောင်စီက အရင်ကလည်း လိုလုပ်နေတယ်။ အခုက အပစ်အခတ်ရပ်စဲထားတယ် ဆိုတော့ အဲဒီကိစ္စတွေကိုမလိုအပ်တော့ဘူး ဆိုတဲ့သဘောနဲ့ ငွေကြေးပေးပြီး နေရပ်ပြန်ခိုင်းနေ တယ်လို့ကြား တယ်။ အဓိကတော့ ၇ခိုင်ပြည်မှာ စစ်ဘေးရှောင်တွေ မရှိတော့ဘူးလို့ နိုင်ငံရေးအ၇ ၇ခိုင်ပြည်မှာ စစ်ဘေး ရှောင်တွေ မရှိတော့ဘူးဆိုတဲ့သဘော ငြိမ်းချမ်းသွားပြီးလို့ ပြောချင်တဲ့ သဘောဖြစ်ပါတယ်” ဟုပြောဆိုသည်။
၎င်းပြင်စစ်ကောင်စီသည်ရခိုင်စစ်ဘေးရှောင်များကိုအတင်းနေရပ်ပြန်ခိုင်းနေခြင်းမှာနောက်ကွယ်ကမမြင်နိုင်သည့်အကြောင်းခြင်းရာအချို့ရှိနေသည်ဟု၎င်းကဆက်ပြောသည်။
“ နောက်တစ်ခုက စစ်ဘေးရှောင် တွေကိစ္စနဲ့ ပတ်သတ်လို့ နိုင်ငံတကာNG0,INGOတွေနဲ့ ပြောရဆိုရတာတွေရှိတယ်။ ပိတ်ပင်ထားတာတွေရှိတယ်။ အဲဒါကြောင့်လည်း သူတို့ဘက်က စစ်ဘေးရှောင်တွေ မရှိတော့ဘူးဆိုတဲ့ ဖော်ပြချင်တာမျိုး ဖြစ်တယ်လို့ ယူဆပါတယ်။ အများအားဖြင့် သူတို့က ဒီလို တစ်စုတဝေးတည်း နေတာကို သိပ်ကြိုက်ပုံမကျဘူး။ ဒီလို တစ်စုတဝေးတည်းနေတဲ့ နေရာတွေက ရိက္ခာအထောက်အပံ့တွေ တစ်ဘက်ကို ရောက်သွားတယ်လို့လည်း သူတို့မှာ သံသယရှိနေတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေကို အဓမ္မပြန်ခိုင်းတယ်လို့ အဲလိုမျိုးအကြောင်း အမျိုးမျိုးတွေရှိတယ်” ဟုဦးဖေသန်းကပြောသည်။
၇ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ၂၀၂၀ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲပြီးနောက် ကျောက်တော်၊အမ်းနှင့် မြေပုံမြို့နယ်တို့တွင် ပြည်နယ်စစ်ကောင်စီ အစိုး၇အစီအစဉ်ဖြင့် စစ်ဘေးရှောင် ၆၀၀၀ ကျော်ကို မိသားစု တစ်စုလျှင် ကျပ်ငွေ ၅ သိန်းစီထောက်ပံ့မှုဖြင့် ပြန်ပို့ခဲ့ကြောင်း ပြည်နယ်ကောင်စီစာရင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း လက်ရှိအချိန်ထိ ၇ခိုင်ပြည်က မြို့နယ်တစ်ချို့နှင် ပလက်၀မြို့နယ်တို့တွင် နေရပ်မပြန် နိုင်သေးသူ ၆ သောင်းနီးပါးရှိနေကြောင်း ယူအန်အိုချာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
------------------------------
ပုံစာ- မြို့ဦးခေါင်း စစ်ရှောင်စခန်း