Preview

တစ်လစာစားစရိတ်ပေးပြီး ပလက်၀၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့

ဒီဇင်ဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :3968
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂/၂၀၂၂

ပလက်၀မြို့နယ်၊အဘောင်သားကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်ကိ တစ်လစာ စားစရိတ်ထောက်ပံ့ပေးပြီး စ်ကောင်စီကနေရပ်ပြန်ပို့ခဲ့ကြောင်းသိ၇သည်။ 

ဒီဇင်ဘာ၂၆ ရက်နေ့ နံနက်ပိုင်းက  ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ ပလက်၀မြို့ ဆိုင်ကလုန်းစင်တာတွင်ခိုလှုံနေကြသည့်စစ်ဘေးရှောင်များကို စစ်ကောင်စီကနေရပ်ပြန်ပို့ခဲ့ကြောင်းအဘောင်သားကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

"စစ်ကောင်စီက ပြန်ခိုင်းလို့ပြန်လာကြတာပါ။ အခုလောလောဆယ် ကျောင်းသားတွေရယ်၊ သက်ကြီးရွယ်အို နဲ့မသန်စွမ်းတွေတော့ ကျန်ခဲ့သေးတယ်။ တခြားထောက်ပံ့ကြေးတွေကတော့ မပေးဘူး။ဒီတစ်လအတွက်ရိက္ခာပေးပြီး ပြန်ခိုင်းတာပါ"ဟု ပြောသည်။ 

နေရပ်ပြန်သူများမှာအဘောင်သားကျေးရွာမှ အိမ်ထောင်စု ၁၀၁ စု၊ အမျိုးသား ၂၁၇ ဦးနှင့် အမျိုးသမီး ၂၂၈ ဦးစုစုပေါင်း ၄၄၈ ဦး ဖြစ်သည်။

နေရပ်ပြန်သည့်စစ်ဘေးရှောင်များအတွက်လူကြီး၊ လူငယ် တစ်ဦးစီကို တစ်လစာစားစရိတ် သုံးသောင်းကျပ်ထောက်ပံ့ပေးကာ စက်လှေနှင့်လမ်းတစ်ဝက်အထိလိုက်ပို့ပေးခဲ့ကြောင်း သိ၇သည်။ 

"အခုလောလောဆယ်တော့အဆင်ပြေတယ်ရယ်မဟုတ်ပါဘူး။ သူတို့ ပြန်ခိုင်းရင်တော့ ပြန်ရတာပေါ့လေ"ဟုနောက်ထပ်အဘောင်သားကျေးရွာသားတစ်ဦးက ပြောသည်။ 

လက်ရှိ အဘောင်သားကျေးရွာတွင်တိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့် နေအိမ် (၃) ဆောင်ရှိနေပြီးပျက်စီးဆုံးရှုံးမှုများကို အခြေနေပေါ်မူတည်၍ ပြန်ဆောက်ပေးမည်ဟု စစ်ကောင်စီကအာမခံပြောဆိုထားသော်လည်း လက်ရှိအချိန်ထိပြန်လည်ဆောက်ပေးခြင်းမရှိသေးဟုစစ်ဘေးရှောင်များက ပြောသည်။ 

ချင်းပြည်နယ်၊ ပလက်၀မြို့မှစစ်ဘေးရှောင်များကို အောက်တိုဘာလကုန်ကို နောက်ဆုံးထား၍ နေရပ်ပြန်ကြရန်စစ်ကောင်စီ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးသန့်စင်လက်မှတ်ရေးထိုးကာ သြဂုတ်လ (၁၀) ရက်နေ့ကတည်းက စာထုတ်ပြန်ထားခဲ့သည်။

စစ်ဘေးရှောင်များကို ပလက်၀ထွေအုပ်ရုံးသို့ခေါ်ကာလည်းတိုက်ပွဲများမရှိတော့သည့်အတွက် နေရပ်ပြန် ပြောဆိုခဲ့ရာစစ်ဘေးရှောင်များက မိုင်းရှင်းလင်းပေးရန်တောင်းဆိုခဲ့သည့်အတွက် လက်ရှိမှာမိုင်းရှင်းလင်းပြီး၍ နေရပ်ပြန်စီစဉ်ပေးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

"အခြေနေက တိုက်ပွဲမဖြစ်ရင်တော့အေးချမ်းမယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ရင်တထိတ်ထိတ်နဲ့ပါပဲ" ဟု နေရပ်ပြန်သည့် စစ်ရှောင်တစ်ဦးကပြောသည်။ 

အဘောင်သားကျေးရွာသားများသည် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ဇူလိုင်မှစတာပလက်၀မြို့ပေါ် စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်နေခဲ့ကြ၇ခြင်းဖြစ်သည်။ 

လက်ရှိ အချိန်ထိပလက်၀မြို့ပေါ် စစ်ဘေးရှောင်စခန်း ၃ ခုတွင် စစ်ဘေးရှောင်ပြည်သူဦးရေ၄၀၀၀ ကျော်ခန့်ကျန်ရှိနေသေးပြီး  ၎င်းတို့၏ နေရပ်ရွာများမှာအထက်မီးလက်၀၊ အောက်မီးလက်၀၊ ကေသ၊ ရုပ်၀၊ နှမဒါ၊ ဗွီးဟူး၊ လေလ၊ သူဌေးကုန်း၊ရဲမ၀ စသည့်ကျေးရွာများဖြစ်ကြသည်ဟု ဆိုသည်။(NN-7)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.