နိရဉ္စရာ၊ ဒီဇင်ဘာ ၂၈/ ၂၀၂၂
၇ခိုင်ပြည်ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များမရှိ၇ဟုဆိုကာ စစ်ကောင်စီက စိုင်းတုတ်ကျေးရွာ ဘုန်းကြီးကျော
“ မြို့နယ်အုပ်ချုပ်ရေးမှူးကငွေ ၆သိန်းပေးပြီးပြန်ခိုင်းတယ်။ တချို့ကလည်း ပြန်မယ်ပြောတယ်။ တချို့ကလည်း မပြန်နိုင်သေးပြောတော့အဲလိုဆိုရင် ဘယ်သူ့ကိုမှ ငွေမပေးတော့ဘူးပြောလို့ ပြန်မဲ့သူတွေအဆင်ပြေအောင် အားလုံး ပြန်မယ်ဆိုပြီး စာရင်းပေးခဲ့၇တယ်။ မပြန်နိုင်တဲ့ သူတွေကတော့တခြားနေရာတွေမှာ ကပ်ခိုပြီးနေဖို့ စီစဉ်နေကြ တယ်ဟု” စခန်းတွင် နေထိုင်သည့်အမျိုးသမီးတစ်ယောက်က ပြောသည်။
စိုင်းတုတ်ဘုန်းတော်ကြီးကျောင်း
“ဒီနေ့ ငွေပေးရင်ဒီနေ့ပြန်ရမယ်လို့ပြောထားတာရှိ
မြို့နယ်အာဏာပိုင်များမှအိမ်ထောင်စုစာရင်း လာရောက်ကောက်ခံသည့်အချိန်တွင်
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ်ထွေအုပ်ရုံးသို့ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ်မရရှိသေးပါ။
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အလွတ်သဘောတူညီချက်ဖြင့် အပစ်ရပ်ပြီးနောက် စစ်ကောင်စီမှ စစ်ဘေးရှောင်များကိုဖိအားပေးနေရပ်ပြန်ခိုင်းနေပြီး တစ်ဘက်တွင်လည်း ၎င်းတို့ ကျင်းပရန်စီစဉ် နေသည့် ရွေးကောက်ပွဲအတွက် မကြာမီရက်ပိုင်းအတွင်းရခိုင်တပြည်လုံး လူဦးရေစာရင်းကောက်ခံရန် ပြန်ဆင်နေသည်ဟု သိ၇သည်။