Preview

ခြေ/ဥပြင်ရေး ALP အပါအဝင် EAO ၅ ဖွဲ့ နေပြည်တော်တွင်တက်ရောက်ဆွေးနွေး

ဒီဇင်ဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :830
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂/၂၀၂၂  

၂၀၀၈ နာဂစ် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)  အပါအဝင်NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က စစ်ကောင်စီနှင့် ီဇင်ဘာ ၂၇ ရက်က စတင်ပြီးနေပြည်တော်တွင် ဆွေးနွေးနေကြောင်းသတင်းရရှိသည်။

စစ်ကောင်စီ  NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် EAO ၇ ဖွဲ့ ကို ကိုယ်စားပြု ဖိတ်ခေါ်ခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့ကြီး ၂ ဖွဲ့ဖြစ်သည့်  မွန်ပြည်သစ်ပါတီ (  NMSP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တက်ရောက်ခြင်းမရှိဟု သိ၇သည်။ 

လက်ရှိ တက်ရောက် ဆွေးနွေးခဲ့သူများမှာ  PNLO နာယက ခွန်ဥက္ကာ၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ DKBA စစ်ဦးစီးချုပ်စောစတီး၊ KNU/KNLA PC ဒုတိယဥက္ကဋ္ဌ  ဒေါက်တာနော်ကပေါ်ထူးနှင့် LDUဒုဥက္ကဋ္ဌ တို့ဖြစ်ကြောင်းသိ၇သည်။

ဖွဲ့စည်းပုံပြင်ရန် တက်ရောက် ဆွေးနွေးနေကြသူများမှာ တဖွဲ့ခင်း ဆန္ဒသဘောထားနှင့် တက်ရောက်ခြင်းဖြစ်ပြီး၇ဖွဲ့ ကို ကိုယ်စားပြု တက်ရောက်တာ မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ ရဖွဲ့ပြောခွင့်၇ ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။

ယမန်နေ့က ဆွေးနွေးပွဲတွင်  အစီအစဥ် ၈ ရပ်ကို ညှိနှိုင်း သဘောတူခဲ့ပြီး ယနေ့ ဒီဇင်ဘာ၂၈ ရက်တွင် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း စ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။

 

Source andPhoto from THN freelance journalist

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.