နိရဉ္စရာ၊ဒီဇင်ဘာ ၂၈/၂၀၂၂
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအ၇ ယခုနှစ်ဒီဇင်ဘာလအတွင်း မြန်မာကဆန်တန်ချိန် ၂ သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ၎င်းအထဲတွင် ၇ခိုင်ကဆန်တန်ချိန်၂၅၀၀ တင်ပို့ခွင့်ရကြောင်း သိ၇သည်။
၇ခိုင်က ခွဲတန်း၇သည့်ဆန်တန်ချိန် ၂၅၀၀ ကိုယခင်က ရခိုင်ဆန်စက်လုပ်ငန်းရှင်များ
"အသင်းအနေနဲ့တော့မဖြစ်လိုက်တော့ဘူး။ အစက အသင်းအနေနဲ့လုပ်မှာ။ ဆန်ကော်မတီက အဆင့်မမီ တဲ့အတွက်ကြောင့်
ယခုကဲ့သို့ ရခိုင်မှဆန်စပါးများ တင်ပို့၇၍ လယ်သမားများအတွက် စပါးဈေးကောင်း၇နိုင်သော်လည်းတစ်ဖက်တွင် ပြည်တွင်း ဆန်ဈေးကွက် မြင့်တက်လာနိုင်ပြီး စားသုံးရန် မဖူလုံမည်ကိုလည်းစိုးရိမ်၇ကြောင်း စစ်တွေမြို့မှ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်
ရခိုင်တွင်ယခုနှစ်စပါးစိုက်ပျိုးရာသီအတွင်း သဘာ၀ဘေးဒဏ်နှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့်လယ်ဧက ရှစ်သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိ၇သည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(Memorandum of Understanding -MoU) ကိုပြီးခဲ့သည့် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနားလည်မှုစာချွန်လွှာအ၇ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံးဆန်ဖြူတန်ချိန်၂၅၀၀၀၀ အထိနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အထိတို့ကို တင်ပို့ရောင်းချရမည်ဖြစ်ကြောင်းသိ၇သည်။
အဆိုပါနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်
ထိုသဘောတူစာချုပ်အ၇ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်အထိ ဆန်တန်ချိန် ၁၄၃၀၀၀ ကျော်ကို တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီးတင်ပို့ရန်ကျန်ရှိနေသည့် ဆန်များအနက် ဆန်တန်ချိန် ၁၅၀၀၀ ကိုသင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့်ဆန်များကို သတ်မှတ်ကာလအတွင်းပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိသည်ဟု သိ၇သည်။
မြန်မာနိုင်ငံမှ တင်ပို့မည့်ဆန်တန်ချိန် ၂ သိန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ဦးဆောင်ကာတိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝယ်ယူနေခြင်းဖြစ်ပြီး ၇ခိုင်မှ ဧည့်မထဆန်တန်ချိန် ၂၅၀၀ ပါဝင်ကြောင်း ရခိုင်ဆန်စက်လုပ်ငန်းရှင်များ
(NN-8)
(ဓာတ်ပုံ - အင်တာနက်)