Preview

ဘူးသီးတောင်မြို့တည်နှစ်(၁၁၄) ပြည့်အထိမ်းအမှတ် ပထမဆုံးအကြိမ် ကဗျာရွတ်ပွဲပြုလုပ်မည်

ဒီဇင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :5880
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၂၉/၂၀၂၂

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တည်နှစ် ၁၁၄ ပြည့်အထိမ်းအမှတ် ပထမဆုံးအကြိမ်အဖြစ် ကဗျာရွတ်ပွဲတစ်ခုကိုယနေ့ညတွင်ပြုလုပ်သွားမည်ဟု သိ၇သည်။

အဆိုပါကဗျာရွတ်ပွဲကိုယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ရ နာရီတွင် ဘူးသီးတောင်မြို့၊ (၅)ရပ်ကွက်ရှိရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စာရေးဆရာအသင်းကဦးဆောင်၍ပြုလုပ်သွားမည်ဟုအသင်းမှ အထွေထွေအတွင်းရေးမှူး မောင်မေယု (ဘူးသီးတောင်)က နိရဥ္စရာကိုပြောသည်။

အဓိကတော့ ဘူးသီးတောင်မြို့တည်နှစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ မြို့တည်နှစ်ကို မှတ်မှတ်ရရပွဲလုပ်တယ်ဆိုတာတစ်ခါမှမရှိသေးဘူး ဘူးသီးတောင်မှာ။ ကျနော်တို့က facebookမှာပဲဂုဏ်ပြုရုံလောက်ပဲရှိတယ်။ ပွဲတွေဘာတွေလုပ်တာမရှိတဲ့အတွက် ကျနော်တို့ကနေပြီးတော့အမှတ်တ၇တစ်ခုဖြစ်စေချင်တယ်။ ဒါကြောင့် ဒီနှစ်မှာ ကဗျာရွတ်ပွဲလေးတစ်ခုနဲ့စလိုက်မယ်ဆိုတဲ့အဲလိုပုံစံမျိုး။ အဓိကတော့ မြို့ရဲ့သက်တမ်းကိုဒီလောက်သက်တမ်း ရှိပြီဆိုတာကို သိစေချင်ပါတယ်။ တခြားမြို့တွေမှာဆိုရင်မြို့တည်နှစ်ဆိုပြီး အထိမ်းအမှတ်တွေလုပ်ကြတယ်လေ။ ဒီမှာက မရှိသေးတော့လူတွေနည်းနည်း အသိလေး၊ သတိလေး၇သွားအောင်လုပ်မယ်ဆိုတဲ့အစီအစဉ်ပါဟု ပြောသည်။

 အဆိုပါကဗျာရွတ်ပွဲသို့ ဘူးသီးတောင်မြို့နယ်အတွင်းမှစာပေဝါသနာရှင်များ၊ စာပေပညာရှင်များနှင့် စိတ်ပါဝင်စားသူများကိုလက်လှမ်းမီသလောက် ဖိတ်ခေါ်ထားပြီး အခမ်းအနားတွင် လူဦးကန့်သတ်ထားခြင်းမရှိဟုလည်းပြောသည်။

 ဘူးသီးတောင်မြို့ကို၁၉၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် မြို့ပေါ်တွင်ရပ်ကွက် (ရ)ခုရှိသည်။

 မြန်မာနိုင်ငံ၏အနောက်ဘက်နယ်စပ်ဖြစ်သောမောင်တောခရိုင်အတွင်း ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.