- Web Master
- ၀၃ ဒီဇင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်သူများသို့ ပေးပို့ခဲ့သော သဝဏ်လွှာ၌ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသော်လည်း အောက်ခြေတွင် ရခိုင်မှ ကားလမ်းအများအပြား၏ သွားလာခွင့်ကို စစ်တပ်က လက်ရှိအချိန်ထိ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ပြည်သူများမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများကို အထူးထိခိုက်လျက်ရှိနေကြာင်း သတင်းရရှိသည်။
ဒေသခံတစ်ဦးက “ ကျွန်တော်တို့ ဒေသမှာ ဆိုရင် ရသေ့တောင်မြို့နဲ့ ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီက ပိတ်ထားတာ ခြောက်လနီးပါးရှိနေပြီ။ ဒီကားလမ်းကို ပိတ်ထားတော့ ပြည်သူတွေက အဘက်ဘက် ဒုက္ခရောက်နေကြရတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အကုန်ထိခိုက်နေတယ်။ လက်ရှိ စစ်ကောင်စီက သတင်းစာ၊ ရေဒီယို၊ ရုပ်သံမှာ ပြောတာက တမျိုး၊ မြေပြင်မှာ ဖြစ်နေတာက တမျိုး။ ပြည်သူလူထုက အကုန်ဒုက္ခရောက်နေရပါတယ်” ဟု ပြောကြားသည်။
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ပေးပို့သော သဝဏ်လွှာတွင် ခေတ်အဆက်ဆက် အစိုးရများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်ကို အခြားဒေသများထက် ဖွံ့ဖြိုး တိုးတက်မှုနောက်ကျ မကျန်ရစ်နေစေရန် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက် လာခဲ့ပါကြောင်း စသဖြင့် ဖော်ပြထားသည်။
သို့ရာတွင် လက်တွေ့၌ ရခိုင်၏ အခြေအနေမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ပြောသလိုမျိုးမဟုတ်ဘဲ လမ်းများကို ပိတ်ထားသဖြင့် ဖွံ့ဖြိုးတိုးတက်မှုမရှိသည့်အပြင် ပြည်သူများမှာ ပို၍ပင်ထိခိုက်နစ်နာ ဒုက္ခရောက်မှုများရှိနေသည်ဟု ဒေသခံများက ဝေဖန်ပြောကြားသည်။
ရသေ့တောင်မြို့နှင့ ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီတပ်သား တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၁၆ ရက်က ဖမ်းဆီးခဲ့ပြီးသည့်နောက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် အေအေတို့မှာ နှစ်ဖက် အလွတ်သဘော အပစ်ရပ်ထားသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အဆိုပါ ရသေ့တောင်- ပုဏ္ဏားကျွန်းကို စစ်ကောင်စီဘက်မှ ဆက်လက် ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကားလမ်းသည် ရသေ့တောင်မှ ပုဏ္ဏားကျွန်း၊ ပုဏ္ဏားကျွန်းကဆင့် စစ်တွေကို သွားလာနိုင်သလို ရန်ကုန်သို့ သွားလာနိုင်သည့် လမ်းဖြစ်ပြီး ဒေသအတွင်း စီးပွားရေးအရ အရေးပါသည့် ကားလမ်းတစ်လမ်းဖြစ်သည်။
ဒေသခံကားသမားတစ်ဦးက "ကားနဲ့လုပ်စားနေတာမှာ
ကားလမ်းပိတ်သွားတော့ ကားသမားတွေက အခက်အခဲ ရောက်နေကြပါတယ်။
တချို့တွေဆိုရင် အိမ်နီးချင်း နိုင်ငံကို အလုပ် လုပ်ဖို့
ထွက်သွားကြတာလည်း
အဆိုပါကားလမ်းပိတ်ထားသည်မှာ ခြောက်လနီးပါးအထိရှိလာပြီဖြစ်ပြီး အကြွေးဖြင့်ကားဝယ်ပြီး ယာဉ်လိုင်းပြေးဆွဲနေသူများမှာ လွန်စွာအကျပ်အတည်းဖြစ်နေကြောင်း ရသေ့တောင်မြို့မှ ကားသမားတစ်ဦးက ဆက်လက်ပြောဆိုသည်။
"ကားဆွဲမယ်ဆိုပြီးတော့ ကားကိုအကြွေးနဲ့ဝယ်ပြီးတော့
ကားမောင်းစားနေတာ။ အခုလိုမျိုး အကြာကြီး လမ်းပိတ်ထားတော့လည်း
အကြွေးဖိုးကိုဆပ်ရမှာနဲ့ စားဝတ်နေရေးဖို့ဖြေရှင်းရမှာနဲ့
ပြီးခဲ့သည့်
ဒီဇင်ဘာလ ၂၈ ရက်က ကားလမ်းပြန်ဖွင့်ပေးမည်ဆိုသည့် ကောလာဟလ သတင်းများ ကြားခဲ့ရသော်လည်း လက်ရှိ အချိန်ထိ
အခြေအနေတစ်စုံတစ်ရာထူးခြားခြင်း
လက်ရှိတွင် အဆိုပါ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း