နိရဉ္စရာ၊ဒီဇင်ဘာ ၃၀/ ၂၀၂၂
စစ်တွေမြို့တွင်အသတ်ခံခဲ့သည့်မနွယ်သန္တာဝင်းအမှုနှင့် ပတ်သက်ပြီးစွပ်စွဲဖမ်းဆီးခံထား၇သည့် လူငယ်တစ်ဦးဖြစ်သူမောင်မျိုးချစ်စိုးအမှုကို ယနေ့တွင် အမိန့်ချမှတ်ရန် ရုံးချိန်းရှိသော်လည်း အမိန့်မချဘဲ အမိန့်ချမည့်ရက်ကို လာမည့်နှစ်ဇန်နဝါရီ ၁၃ရက်ကို ပြောင်းရွေ့လိုက်သည်ဟုသိ၇သည်။
ရဲဘက်က ဖမ်းဆီးထားသည့် ကိုမျိုးချစ်စိုးကိုယနေ့ဒီဇင်ဘာလ ၃၀ရက်နေ့လယ် ၁၁နာရီကျော် အချိန်ခန့်က စစ်တွေမြို့၊ထောင်ချုပ်ထဲတွင်ရုံးထုတ်ခဲ့ပြီး ထိုသို့ အမိန့်ချမည့်ရက်ကိုရွေ့ခဲ့သည်ဟု သိ၇သည်။
"ဒီနေ့ရုံးထုတ်ပြီးတော့အမိန့်ချမှတ်မယ်လို့ပြောတယ်။ ရုံးထုတ်တယ်လို့သာပြောတာပြင်ပတရားရုံး မတင်ဘူး။ ဖမ်းဆီးထားတဲ့ထောင်ချုပ်ထဲမှာပဲလုံခြုံရေးရဲတွေအများကြီးနဲ့ ရုံးထုတ်တယ်။ ၁၁နာရီ ကျော်လောက်က ရုံးထုတ်ပြီးတော့ ၁၂နာရီမထိုးခင်မှာပဲရဲတွေအများကြီးနဲ့ ပြန်ခေါ်သွားကြ
တယ်။ဒီနေ့အမိန့်ချမှတ်မယ်ပြောပြီးတေ
မောင်မျိုးချစ်စိုးကိုစစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းမှူးမှ တရားလိုလုပ်ကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့ အမိန့်ချမှတ်မည်ဆိုပြီးမှ တစ်ခြားနေ့သို့ပြော
သူ့အား ရုံးထုတ်စစ်ဆေးခဲ့ရာ၌လည်းသက်သေနှစ်ဖက်စလုံးက ကိုမျိုးချစ်စိုးတွင် အပြစ်မရှိကြောင်းကိုသာ ထွက်ဆိုခဲ့ကြသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးသင့်သည်ဟု သူမက ပြောဆိုသည်။
"ထောင်ထဲမှာပဲ ရုံးထုတ်တယ်။ထောင်ထဲမှာပဲစစ်တယ်။ သက်သေတွေကိုလည်း ထောင်ထဲမှာပဲ စစ်ဆေးတယ်။ စခန်းမှူးမှာသက်သေထည့်ထားတာ သူအပါအဝင် ၂၄ယောက်ရှိတယ်။ ၂၃ ယောက်လုံးကိုစစ်တယ်။ ကျွန်မတို့ဘက်က ၇ ယောက်ရှိတယ်။ နှစ်ဖက်သက်သေ အယောက်၃၀ စလုံးကကျွန်မသားမှာအပြစ်ရှိတယ်လို့ မထွက်ဆိုဘူး။ အပြစ်မရှိကြောင်းပဲထွက်ဆိုကြတယ်
အသတ်ခံခဲ့၇သည့် မနွယ်သန္တာဝင်းသည် စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ၇ခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီး ဆိုလာနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်
အဆိုပါသေဆုံးမှု၌ သံသယရှိသည်ဟုဆိုကာ အနီးအနားရှိဆိုင်တစ်ဆိုင်မှ ဝန်ထမ်းဖြစ်သူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊(၅)ရပ်ကွက်မှ ဦးသိန်းမောင်နှင့် ဒေါ်လှသိန်းနွယ်တို့၏သားဖြစ်သူမောင်မျိုးချစ်စိုး၊ အသက်(၂၀)နှစ်ကို သြဂုတ်လ ၁၆ရက်နေ့က ရဲမှမဆီမဆိုင် ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်များက ပြောကြားသည်။
(NN-12)