နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂၂
၇ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ အနောက်ဖာရုံဂါကျွန်း(မြေငူကျွန်း) ယာတိုက်ကျေးရွာတွင်တည်ထားကိုးကွယ်လျှက်ရှိသော သမိုင်းဝင် ရင်ရိုးတော်ဓါတ်စေတီရင်ပြင်တွင်အဆောက်အဦတစ်ခုတည်ဆောက်ရန် ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက်က အုတ်မြစ်ချမင်္ဂလာပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
၎င်းအဆောက်အဦသည် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာကြသူများ နားနေတည်းခိုနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်ဟု သိ၇သည်။
“ ဒီနေ့ မနက် ၁၁ နာရီမှာ အုတ်မြစ်ချ မင်္ဂလာပြုလုပ်ပါတယ်။ဘုရားက သမိုင်းဝင် ရှေးဟောင်း ဘုရားဖြစ်ပေမယ့် နားနေဆောင်မရှိဖြစ်နေပါတယ်။ ဘုရားဖူးလာရင်နေပူပြင်မှာနေ၇ပါတယ်။ ဘုရားပွဲကျင်းပရင်လည်းနားနေဆောင်မရှိတော့ ဘုရားဖူးတွေအတွက် အဆင်မပြေတာကြောင့် ခုလို ဆောက်လုပ်ဖို့ စီစဉ်၇တာဖြစ်ပါတယ်”ဟု အဆောက်အဦဖြစ်မြောက်မြောက်ရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးကပြောသည်။
တည်ဆောက်မည့် အဆောက်အဦမှာ ၃၀ ပေ၊ ၂၄ ပေဖြစ်ပြီး RC အဆောက်အဦဖြစ်ကြောင်းသိ၇သည်။
ကုသိုလ်ဒါနပြုလုပ်ရန် စိတ်ပါဝင်စားသောအလှူရှင်များသည် ဖုန်းနံပတ် ၀၉၄၂၁၇၆၆၄၀၈/၀၉၄၅၀၅၄၀၁၁၈/၀၉၄၂၉၆၆၂၂၅၅သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
(၂၀၂၂ ခုနှစ်အတွက် နိရဉ္စရာသတင်းဌာန၏ နောက်ဆုံးဖောင်ပိတ်သတင်း)
ဓာတ်ပုံ- Thein Shwe Moe