နိရဉ္စရာ၊ ၁ ဇန်နဝါရီ ၂၀၂၃
စစ်ရေးလှုပ်ရှားမှုများကို၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲထားမည်ဟု ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ၃၁ ရက် နေ့စွဲဖြင့် စစ်ကောင်စီမှ ထုတ်ပြန်သည်။
လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာ၀ရငြိမ်းချမ်းရေးတို့ရရှိရေးတို့အတွက် လုပ်ဆောင်နိုင်ရန်နှင့်ထာ၀၇ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ဟုဆိုကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင်မြန်မာအလင်းသတင်းစာတွင် ဖော်ပြသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာယန္တရားများအား နှောင့်ချက်ထိပါးတိုက်ခိုက်ချိ
တစ်နိုင်ငံလုံး ထာ၀၇ ငြိမ်းချမ်းမှုရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် (NCA)ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်းအဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီ၏ တစ်နှစ်တာ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ချိန်တွင် မြန်မာပြည်အလယ်ပိုင်းနှင့် ချင်း၊ ကချင်၊ ကရင်ပြည် နယ်တို့တွင်စစ်ကောင်စီတပ် ထိုးစစ်များပြုလုပ်နေပြီး စစ်ကြောင်းများကလူနေ ရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသည်ဟု သိ၇သည်။
စစ်ကောင်စီမှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်တိုက်ခိုက်မှု ရပ်စဲရေးအတွက်ကြေငြာချက် (၂၁) ကြိမ်ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိတိုင်းရင်းသားလက်နက်ကိုင်များကို အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြ