Preview

ရခိုင်နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ လူမှုရေးနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၁၂ ဦးရဲ့ ၂၀၂၃ ခုနှစ် နှစ်သစ်ဆုတောင်းလွှာ

ဇန်နဝါရီ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :10086
ရခိုင် သတင်း

(နိရဉ္စရာက စုဆောင်းတင်ပြသည်)

 (၁) ဦးမျိုးကျော်  (အထွေထွေအတွင်းရေးမှူး/ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

 "၂၀၂၃ အတွက်ကတော့နံပါတ်(၁) အနေနဲ့ ၇ခိုင်ပြည်ကြီးကို အေးချမ်းစေချင်တယ်။ ဖွံ့ဖြိုးစေချင်တယ်။နောက်တစ်ခုက ၇ခိုင်ပြည်သူတွေ လိုလားတောင့်တနေတဲ့ လိုလားချက်တွေကိုပြည့်စုံစေချင်တယ်။ ဒါကတော့ ၇ခိုင်ပြည်အတွက်ပါ။ တစ်ဖက်မှာလည်းမြန်မာပြည်ကြီးဟာ အခုခါမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘေး၊စစ်ဒဏ်တွေခံစားနေ၇တဲ့အတွက် သူတို့တွေကိုလည်း အေးချမ်းစေချင်တယ်။ နောက်ပြီးနိုင်ငံသူ၊ နိုင်ငံသားအားလုံး လိုလားတောင်နေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံးပုံဖော်ထူထောင်နိုင်စေချင်ပါတယ်။ပြည်သူတွေလိုလားချက်တွေ အမြန်ဆုံး၇နိုင်ကြပါစေလို့ပဲ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။" 

 (၂)ဆရာမမေလှိုင်းဖြူ (စာရေးဆရာမ)

"မင်္ဂလာပါ။အခုရောက်ရှိလာမယ့် ၂၀၂၃ ခုနှစ်မှာ ကိုယ့်၇ခိုင်လူမျိုးတွေနဲ့တကွ ကမ္ဘာသူ၊ကမ္ဘာသားတွေအားလုံးအေးအေးချမ်းချမ်းသာသာယာယာ ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်မကမေတ္တာပို့သလိုက်ပါတယ်။လူ့ဘ၀တိုတိုလေးမှာ အငတ်ဘေးတွေ၊ ရောဂါဘယဘေးတွေကင်းဝေးပြီးတော့ ကုသိုလ်ကောင်းမှုတွေနဲ်အတူ နေ့တစ်နေ့တာ၊နှစ်တစ်နှစ်တာကိုကျော်ဖြတ်နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ် အားလုံးကျန်းမာ ချမ်းသာကြပါစေ"

 (၃)ခိုင်ကျော်လင်း (၇ခိုင်အဆိုတော်)

 "အခုကျရောက်မယ်၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ ခုနှစ်ရက်သားသမီးအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ လိုအင်ဆန္ဒအ၀၀နဲ့ပြည့်စုံကြပါစေ။ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုကြိုပြီးတော့နှစ်သစ်ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အဖ၇ခိုင်ပြည်သူ၊ ပြည်သားတွေအားလုံး ကျန်းမာ၊ချမ်းသာကြပါစေ။ ဆန္ဒနဲ့ဘ၀ ထပ်တူကျပြီးတော့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့အောင်မြင်မှုတွေရရှိပါစေလို့နှစ်သစ်မင်္ဂလာဆုမွန်ကောင်းတောင်းလိုက်ပါတယ်"

  (၄) ကိုမျိုးလွင် ( သဘာ၀ပတ်ဝန်ကျင်အရေးလူပ်ရှားသူ)

 အဓိကတော့လာမဲ့ ၂၀၂၃ခုနှစ်မှာ တိုင်းရင်းသားပြည်သူတွေ၊လုပ်ငန်းရှင်တွေ လိုလားတဲ့၊မျှတတဲ့အရာတွေကို အစိုးရက သဘောထားရှိရှိနဲ့လုပ်ပေးဖို့မျှော်လင့်ပါတယ်။ ၂၀၂၂ခုနှစ်က ပြည်သူတွေမတရားဖမ်းဆီးခံရတာတွေ၊ သတ်ဖြတ်ခံ၇တာတွေ၊ ပြည်သူပိုင်အဆောက်အဦတွေ မီးတိုက်ခံရတာတွေ၊ လုယက်ခံ၇တာအဲ့လိုပုံစံမျိုးမဖြစ်ဖို့၊ ပြည်သူတွေ လုံလုံခြုံခြုံနဲ့ နေထိုင်နိုင်ဖို့အတွက် ၂၀၂၃ခုနှစ်မှာဖြစ်စေချင်ပါတယ်။

 (၅) အောင်ကြည်မိုး (စာရေးဆရာ)

 "အားလုံးသာလီစွပါ။နှစ်သစ်မှာ ၇ခိုင်ပြည်သူ၊ ပြည်သားတွေနဲ့ မြန်မာပြည်သူ၊ပြည်သားတွေအားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ ရောဂါကပ်ဆိုး၊ နှစ်ဖက်တိုက်ပွဲတွေ အေးချမ်းပြီးပြည်သူပြည်သားတွေအနေနဲ့ လိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ကြပါစေ။ ကြုံခဲ့၇တဲ့ အဖြစ်ဆိုးတွေလည်း ကင်းဝေးပြီးအလုပ်အကိုင်အခွင့်အလမ်း၊ စားနပ်ရိက္ခာတွေလည်း အများကြီးတိုးပွားပါစေလို့နှစ်သစ်မင်္ဂလာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။"

 (၆)   ဦးကျော်ဇံ ( ဥက္ကဋ္ဌ-ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ)

 " ဒီ၂၀၂၃ ကူးပြောင်းတဲ့နှစ်သစ်ခါသမျှမှာ ရခိုင်ပြည်သူပြည်သားအပေါင်းခံစားနေကြ၇တဲ့ဒုက္ခအ၀၀က ကင်းလွတ်ပြီးတော ၇ခိုင်တစ်မျိုးသားလုံးမျှော်လင့်ထားတဲ့အနာဂတ်ပန်းတိုင်ကိုရောက်နိုင်ကြပါစေလို့မျှော်လင့်ရင်းနဲ့နှစ်သစ်ဆုမွန်စကားကို ကျွန်တော်ပြောလိုပါတယ် "

 (၇) မခင်ခင်ဆွေ (စစ်တွေတက္ကသိုလ်၊ စိတ်ပညာပထမနှစ်ကျောင်းသူ)

 " ၂၀၂၃ ခုနှစ်ဟာ၇ခိုင်တွေအတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါစေ။ ပြီးခဲ့တဲ့နှစ်ကကျမတို့ ရခိုင်မှာက အများကြီး ဒုက္ခဆင်းရဲတွေခံစားခဲ့ကြရပါတယ်။ လူသေတာတွေ၊ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေကြောင့် အားလုံးစိတ်မချမ်းမသာဖြစ်ခဲ့ကြရတော့ဒီနှစ်မှာ အေးအေးချမ်းချမ်းနဲ့ ကျမတို့ရဲ့အိမ်မက်တွေ၊ အနာဂတ်တွေအတွက်ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။ ပြည်သူတွေအားလုံး ကျန်းမာချမ်းသာကြပါစေလို့လည်းဆုတောင်းပေးပါတယ်"

 (၈) ဦးဖေသန်း (မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

၂၀၂၃-ခုနှစ်အတွက် ကိုယ့် ပြည်သူတွေကိုနှုတ်ဆက်စကား ပြောလိုတာကတော့။ ၂၀၂၂ - ခုနှစ်ကတော့ ကျွန်တော်တို့၇ခိုင်ပြည်သူတွေ အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့၇တဲ့နှစ်ဖြစ်တယ်။ ဒါကြောင့်၂၀၂၃-ခုနှစ်မှာ ၇ခိုင်ပြည်အတွက် နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး အဘက်ဘက်ကပြောင်းလွဲလာတဲ့ နှစ်တစ်နှစ်ဖြစ်ဖို့ မျှော် လင့်ပါတယ်။ ၇ခိုင်ပြည်တွင်းမှာသေနတ်သံတွေ တိတ်ဆိတ်ပြီးအေးချမ်းသာယာနိုင်တဲ့ ဘ၀မျိုးဖြစ်စေ ချင်ပါ တယ်။ ရခိုင်တွေရဲ့ ဆုံးရှုံးနစ်နာနေတဲ့ဘ၀တွေကို ပြန်လည်ရရှိဖို့အတွက်။ အစပျိုး ရောင်ခြည်သန်းတဲ့နှစ် တစ်နှစ် ဖြစ်စေချင်ပါတယ်။ ပြည်သူတွေကလည်း စိတ်အေးအေးချမ်းချမ်းနဲ့နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါ စေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

(၉) ဦးတက်ထွန်းအောင် (ပေါက်တောမြို့နယ်အမှတ် (၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

 “  ၂၀၂၃-နှစ်မှာ ကျွန်တော်တို့၇ခိုင်ပြည်သူတွေ မျှော်လင့်နေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးတွေကို ကိုယ်တို့လူမျိုးတွေကိုယ်တိုင် ဆုံးဖြတ်ပြီးလုပ်ဆောင်နိုင်အောင်ကျွန်တော်တို့ ရခိုင်ပြည်သူ တစ်ရပ်လုံး စည်းစည်းလုံးလုံးနဲ့ ပါဝင်ကြိုးစား၇မယ့်နှစ်လို့ ပြောချင်ပါတယ်။

 (၁၀) ဦးအောင်သောင်းရွှေ (ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ကျွန်တော်တို့ ၂၀၂၂-ခုနှစ်မှာတော့အနိဌာရုံတွေ အများကြီးမြင်တွေ့ ကြုံခံကြ၇ပါတယ်။ ဒီလမ်းပမ်းဆက်သွယ်ရေး ပိတ်တာတွေအစ ဒီလိုအခက်အခဲတွေ အများကြီး ကြုံခဲ့၇ပါတယ်။ဒါပေမဲ့ ဒီ ၂၀၂၂- ဒီဇင်ဘာ မရောက်မီကတည်းက အပစ်အခတ်တွေ ရပ်စဲသွားတဲ့အတွက်ကြောင့်ပြည်သူတွေ စိတ်ချမ်းသာပြီး အားလုံး သာသာယာယာနဲ့ အေးချမ်းကြပါစေ။ ဒီ၂၀၂၃-မှာ ၂၀၂၂ ကလိုကြုံခံရတဲ့ အနိဌာရုံတွေလို မဟုတ်ဘဲ မိမိ တို့လိုချင်တဲ့၊၇ခိုင်ပြည်သူတွေ လိုလားတဲ့ ပန်းတိုင်ကြီးကို လျောက်လှမ်းတဲ့ကာလမှာငြိမ်းချမ်းသာယာတဲ့ ကျွန်တော်တို့ လွတ်လပ်စွာ သွားလာနိုင်တဲ့လွတ်လပ်စွာပြောဆိုနိုင်ပြီးတော့ ကျန်းမာရေး ကိုဗစ်ဒဏ်တွေကအစကင်းရှင်းပြီး အားလုံးမျှော်လင့်ထားကြတဲ့အတိုင်း ပြီးပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ကျွန်တော်အဲလိုဘဲပြောလိုပါတယ်။

  (၁၁)  ခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌဒေါ်ညိုအေး

၂၀၂၃- နှစ်တစ်နှစ်အခါသမယကို ကူးလာတဲ့အတွက် အားလုံးကို သာလီစွပါလို့ နှုတ်ခွန်းဆက်သပါတယ်။ပြောလိုတာကတော့ ရခိုင်ပြည်မှ နှစ်ဆန်းကာလအတွက် ၇ခိုင်ပြည်မှာမှီတင်းနေထိုင်ကြတဲ့သူအားလုံး။ ကျန်းမာ ပကတိ ချမ်းသာစွာရှိဖို့ ဆုတောင်းပေးပါတယ်။အနိဌာရုံမြင်ကွင်းတွေကလည်း ကင်းဝေးကြပြီး အားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ။ ကျရောက်လာတဲ့ ဘေးအန္တရာယ်များ ရှိရင်လည်း အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်နိုင်ကြဖို့ ကြိုးစားကြပါမယ်လို့နှုတ်ခွန်းဆက်သ လိုပါတယ်။ ကျေးဇူးတင်ပါတယ်။

(၁၂) ဦးခိုင်ကောင်းစံ (ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ)

 အားလုံး သာလီစွပါ။

 ၇ခိုင်ပြည်သူပြည်သားတွေ အားလုံး။ မြန်မာ ပြည်သူ ပြည်သားတွေအားလုံး။ ကမ္ဘာ့ ပြည်သူပြည်သားတွေအားလုံး ဘေးရန်ခပ်သိမ်းကင်းဝေးကြပြီး၂၀၂၂-မှာ ကြုံခဲ့ကြတဲ့ ဘေးဒုက္ခတွေ ၂၀၂၃ မှာ မကြုံကြဘဲစိတ်ချမ်းသာ ကိုယ်ချမ်းသာခြင်းနဲ့ ၂၀၂၃-နှစ်သစ်ကို စီးပွားလာဒ်လာဘတွေတိုးပြီး တိုင်းပြည် ငြိမ်းချမ်းပြီး ကောင်းမွန်တဲ့ အစိုးရတွေကိုကျွန်တော်တို့ လက်ဝယ်ရရှိပြီး ၂၀၂၃-နှစ်ကို ကျွန်တော်တို့ အားလုံးဘေးဘယာကင်းကွာပြီး အတူတကွ ဖြတ်သန်းကြမယ်လို့ ပြောလိုပါတယ်။ အဓိကတော့ ရခိုင်ပြည်သူပြည်သားတွေအပါအဝင် တခြားလူငယ်တွေကို ပြောလိုတာက ၇ခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့အတွက် လူငယ်တွေ အခန်းကဏ္ဍ အရေးကြီးပါတယ်။ ဒါကြောင့် လူငယ်တွေရခိုင်ပြည် တည်ငြိမ်အေးချမ်းရေ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.