Preview

စာရေးဆရာ ခိုင်မင်းခန့်၏ “Zero To Rakhine Billionaires - အခက်အခဲလား... လာထား” စာအုပ် မိတ်ဆက်ပွဲပြုလုပ်

ဇန်နဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :10185
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၂/ ၂၀၂၃

 

ရခိုင်စာရေးဆရာ ခိုင်မင်းခန့်၏ “ZeroTo Rakhine Billionaires - အခက်အခဲလား... လာထားအမည်ရှိ စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိ၇သည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ဇန်နဝါရီလ ၁ ရက်၊ နေ့လယ် ၁ နာရီမှ ၂ နာရီအထိ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ Maximax Solutionတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မိတ်ဆက်ပွဲသို့ စာအုပ်ထဲတွင်ဝါဝင်သည့်ရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ စာပေဝါသနာရှင်များနှင့်စိတ်ပါဝင်စားသူ စုစုပေါင်းလူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိ၇သည်။

အဆိုပါစာအုပ်ဖြစ်မြောက်လာရန်ရခိုင်ရှိစီးပွားရေးအသင်းအဖွဲ့အားလုံးနှင့် မြန်မာနိုင်ငံမှာရှိသည့် ထိပ်တန်းရခိုင်လူမှုရေးအသင်းအဖွဲ့များတွင်ပါဝင်နေကြသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနယ်ပယ်အတွင်းလှုပ်ရှားနေသည့် စီးပွားရေးသမားများကို သုတေသနစစ်တမ်း ကောက်ယူခဲ့ပြီးသူတို့၏အကြံပြုထောက်ခံပေးမှုအ၇ ရခိုင်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ဦးထဲမှ ထောက်ခံမှုအများဆုံး ၁၂ ဦးကိုရွေးချယ်ကာ ယခုစာအုပ်ကိုရေးသားထုတ်ဝေထားခြင်းဖြစ်သည်ဟုလည်းစာရေးသူ ဆရာခိုင်မင်းခန့်က ပြောသည်။

"ကျွန်တော်ကဒီလူတွေကို ဒီအတိုင်းရွေးချယ်ထားတာတော့မဟုတ်ဘူး။ ရခိုင်ပြည်မှာရှိတဲ့စီးပွားရေး အဖွဲ့အစည်းအားလုံးနဲ့လိုက်တွေ့တယ်။ ၇ခိုင်ပြည်အတွက် အထောက်အကူဖြစ်စေမယ့်စာအုပ်တစ်အုပ် ထုတ်ဝေချင်တယ်လို့ပြောပြီးတော့ ဒီစာအုပ်မှာ ဘယ်သူ့အကြောင်းတွေ ပါဝင်သင့်တယ်မေးတယ်။ဒီစာအုပ်မှာတော့ ဘယ်နှစ်ယောက်ပါဝင်သင့်တယ်ပြောကြတဲ့အထဲကရခိုင်ပြည်စီးပွားရေးထိပ်တန်းတွေအားလုံး ၁၀၀ ကျော်ထဲကထောက်ခံမှုအများဆုံးလူတွေကို ရွေးချယ်တယ်။ ဆက်သွယ်ရတဲ့ အခက်အခဲတော့ရှိခဲ့တယ်"ဟု ပြောသည်။

 

အဆိုပါစာအုပ်တွင်ရခိုင်မှ လူသိများထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်၊ကားစပယ်ယာဘ၀မှ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ ဦးတင်ဇံကျော်၊လယ်လုပ်သားဘ၀မှ ဘဏ္ဍာရေးဆိုင်ရာအကြံပေးပညာရှင်ဖြစ်လာသည့် ဦးသန်းအောင်နှင့်စွန့်ဦးတီထွင်စီးပွားရေးပညာရှင်ဦးကျော်လှိုင်တို့အပါအဝင်ရခိုင့်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၂ ဦး၏အကြောင်းတို့ ပါဝင်သည်။

 

အဆိုပါစာအုပ်ကိုဘ၀၏အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်စေရေး၊ စီးပွားရေးကို စိတ်ဝင်စားသူတိုင်းအတွက်နည်းလမ်းကောင်းများရရှိရေး၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး၊စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်ပေါ်လာစေရေးနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးစသည့်ရည်ရွယ်ချက် (၅)ချက်ဖြင့် ရေးသားထုတ်ဝေ၇ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

ဆရာခိုင်မင်းခန့်သည် ယခင်က"ချစ်ခြင်းနှင့် ဘ၀မြင်ကွင်း" ၊ "ဘ၀ရဲ့ ဗီတာမင်စီ" ၊"အာရက္ခမြေမှ အမင်ခေါ်သံ" ၊ "သမိုင်းတစ်ခေတ်၏မှတ်တိုင်များ"၊ "စိတ်ဓာတ်ကျမှု စိတ်ဖိစိမှုများကိုကျော်လွန်ခြင်း"၊ "The Save The World" နှင့်"၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုး" စသည့် စာအုပ်ပေါင်း ရအုပ်ကိုရေးသားထုတ်ဝေခဲ့ပြီးပြီဟု သိ၇သည်။ (NN-12)

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.