Preview

ပုဏ္ဏားကျွန်းတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့်အမျိုးသား၏ အလောင်းကို ၃ ရက်ကြာမှပြန်တွေ့

ဇန်နဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :3442
ရခိုင် သတင်း

နိရဥ္စရာ၊ ဇန်နဝါရီ၂/ ၂၀၂၃

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေနစ်မြုပ်ပျောက်ဆုံးသွားသည့် အမျိုးသား၏အလောင်းကို ၃ ရက်အကြာယနေ့တွင် ပြန်လည်တွေ့ရှိခဲ့ပြီဟု သိ၇သည်။

၎င်းမှာပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးကျော်သန်း (၄၃)နှစ်ဖြစ်သည်။

သူ၏အလောင်းကို ယနေ့ဇန်နဝါရီလ ၂ ရက်၊ နံနက် ၉ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးကုလားတန်မြစ်ကမ်းစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီရှာဖွေပေးခဲ့သည့်ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း(PDYO)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အလောင်းမှာကထိခိုက်ဒဏ်ရာတွေ မရှိပါဘူး။ ဒီအတိုင်း ရေနစ်မြုပ်ပြီးဆုံးသွားတာမို့လေ။ သူကရေထဲကို ဒီအတိုင်းပြုတ်ကျသွားတာကိုလည်း လူတွေက မြင်လိုက်တော့လေဟု ပြောသည်။

ဦးကျော်သန်းသည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၃၀ ရက်၊ နံနက် ၆ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ရှိ ဂူ၀ဘုရားရှေ့ဖောင်တော်ငယ်မှ တစ်ဆင့် မြစ်ထဲသို့ပြုတ်ကျပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူ့ကိုယင်းနေ့မှစတင်ကာ ပုဏ္ဏားကျွန်းမြု့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)အပါအဝင် ၊ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း(PSYK)နှင့် မိသားစုဝင်များက နေ့စဉ်ပူးပေါင်းရှာဖွေခဲ့ရာ ယနေ့တွင် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုPDY O မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းအားဓမ္မပါလနာရေးကူညီမှုအသင်းကားဖြင့် သယ်ယူကာ ပုဏ္ဏားကျွန်းမြို့သုသာန်၌ သဂြိုလ်ပေးခဲ့သည်ဟုလည်းသိ၇သည်။


ရေနစ်မြုပ်သေဆုံးသူသည်ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် မိသားစုနှင့်နေထိုင်သူဖြစ်ပြီးလက်လုပ်လက်စားတစ်ဦးဖြစ်သည်ဟုလည်း သိ၇သည်။

၇ခိုင်တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ  ၂ ရက်အတွင်း ကျောက်ဖြူမြို့နယ်မှသားမိ ၃ ဦးအပါအဝင် ပုဏ္ဏားကျွန်းတွင် ၁ ဦးနှင့် ၇သေ့တောင်မြို့နယ်တွင်၁ ဦး ရေနစ်သေဆုံးခဲ့သေးသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.