Preview

စစ်တွေတွင် ရေတပ်ကား ဝင်တိုက်၍ အရပ်သားတစ်ဦးပွဲချင်းပြီးသေဆုံး

ဇန်နဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :5483
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၂/၂၀၂၃

စစ်တွေမြို့တွင်စစ်ကောင်စီရေတပ်စခန်းမှကားတစ်စီး ဝင်တိုက်၍ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိသည်။

ယနေ့ဇန်နဝါရီ ၂ ရက် နေ့လယ် ၁ နာရီအချိန် စစ်တွေမြို့၊ လမ်းမတော်ရပ်ကွက်၊ WaveKTV ရှေ့လမ်းမကြီးတွင် အရပ်သားစီးလာသည့် ဆိုင်ကယ်ကို စစ်ကောင်စီရေတပ်မှ ကားဝင်တိုက်ရာက  ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးကပြောသည်။ 

"ဒီနေ့နေ့လယ် ၁ နာရီလောက်က အရပ်သားနှစ်ဘီးဆိုင်ကယ်တစ်စီးကို ရေတပ်စခန်းကကားတိုက်တာ။ ဝင်တိုက်သွားတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကိုယူသွားတယ်။ နောက်ကြားတာက ဆုံးသွားပြီလို့ ကြားတယ်။ လမ်းမှာ အသားတွေပါပြန့်ကြဲပြီးကျန်ခဲ့တယ်"ဟု ပြောသည်။ 

သေဆုံးသူမှာအသက် (၆၀) ဝန်းကျင်အရွယ် မရမာကြီးလူမျိုး အမျိုးသားဖြစ်ပြီး အမည်နှင့် နေရပ်ကိုအတိအကျမသိ၇သေးကြောင်း သွားရောက်ကူညီပေးခဲ့သည့် သူကပြောသည်။ 

 မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဌကိုလင်းလင်းက"ဆေးရုံရောက်တော့အသက်မရှိတော့ပါဘူး။ အခုထိ ဘယ်သူ၊ ဘယ်ဝါမှန်းမသိ၇သေးဘူး။ မိသားစုကိုတော့ ဆက်သွယ်ဖို့ကြိုးစားနေပါတယ်"ဟုပြောသည်။ 

 လက်ရှိမှာအလောင်းကို ဆေးရုံသို့ပို့ဆောင်ထားပြီး မိသားစုကိုအသိပေးရန်ဆက်သွယ်နေကြောင်းသိ၇သည်။ (NN-7)

 (ဓာတ်ပုံ - မေတ္တာရောင်ခြည်ဖောင်ဒေးရှင် )

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.