နိရဥ္စရာ၊ဇန်နဝါရီ ၂/၂၀၂၃
၇ခိုင်ပြည်နယ် ၇သေ့တောင်မြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မကြာသေးခင်က တာဝန်မှ နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၉၀ ကျော်ကို ပြန်လည် တာဝန်ထမ်းဆောင်ကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(
ရသေ့တောင်မြို့နယ်မှနုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှနုတ်ထွက်ထားသည့်ကျေးရွာအုပ်ချု
“ကိုယ်တို့တွေ အုပ်ချုပ်ရေးမှူးမရှိတဲ့အတွက်ကိုယ်တို့၇ခိုင်တွေ အခက်အခဲဖြစ်နေတယ်။ တစ်ခုခုသွားတယ်ဆိုရင်ထောက်ခံစာမရှိဘာမရှိ၊ အားနည်းချက်တွေရှိနေတယ်။ အဲလိုပုံစံမျိုးတွေလေ။အဲလိုဆိုတော့ အဲဒါကို ပြန်ပြီးတော့ လက်ခံလုပ်ကြဖို့ အဲလိုတိုက်တွန်းတာ”ဟု ပြောသည်။
ယင်းသို့တိုက်တွန်းခဲ့သည့်အတွက် အချို့အုပ်ချုပ်ရေးမှူးများကလုပ်ရန်ဆန္ဒရှိသော်လည်း အချို့မှာ ULA/AA နှင့် စစ်ကောင်စီတပ်တို့အကြား ကြားညှပ်နေ၍ လုပ်ရကိုင်၇ အကျပ်အတည်း တွေ့ရသည်ဟုဆိုကာဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိဖြစ်နေကြသည်ဟု ပြောသည်။
“ရွာသားတွေအတွက်၊ပြည်သူတွေအတွက်ဆို ငါတို့ပြန်လုပ်၇မယ်ဆိုပြီး လုပ်ချင်တဲ့သူတွေ တချို့ရှိသလို တချို့ကတော့ မလုပ်ချင်တော့ဘူးဆိုပြီးအုပ်စု ၂ ခုဖြစ်နေတယ်ပေါ့။ ဘယ်လိုဆက်ဖြစ်မလဲတော့ မပြောတတ်သေးဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့်AA တို့အကြားတာဝန်ထမ်းဆောင်ရသည်မှာ လွတ်လပ်မှုမရှိတော့၍ဟုဆိုကာ ရသေ့တောင်မြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်းကောင်း၊ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်သည်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်းကောင်းသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး
လက်ရှိတွင် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ထားကြသည့်အတွက် နယ်ဝေးသို့ခရီးသွားလာရန်ထောက်ခံစာတောင်းခံခြင်းနှင့် မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံး၍ပြန်လည်လျှောက်ထားရန် ထောက်ခံစာ တောင်းခံခြင်းတို့တွင် အဆင်မပြေမှုများဖြစ်ပေါ်နေသည်ဟုဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက“အခက်အခဲတော့ ဘယ်လိုကြုံနေ၇လဲဆိုတော့မှတ်ပုံတင်သမားတွေ မှတ်ပုံတင်လုပ်ချင်တယ်။ တချို့တလေကမှတ်ပုံတင်တွေပျက်စီးနေကြတယ်။ ထောက်ခံစာ အုပ်ချုပ်ရေးမှူးဆီ သွားတောင်းတော့ သူကလည်း မပေးနိုင်တော့ဘူး။ တံဆိပ်တုံးလည်း မရှိတော့ဘူးလေ။အဲလိုအခက်အခဲတွေ ဖြစ်နေ၇တယ်”ဟုပြောသည်။
ယခင်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၇ခိုင်တွင် စစ်တပ်နှင့် AA တို့တိုက်ပွဲများ ပြင်းထန်ခဲ့ချိ