နိရဉ္စရာ၊ ဇန်နဝါရီ ၃/၂၀၂၃
နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ပြီးနောက် စစ်ကောင်စီက ရက္ခိုင့်တပ်တော်( AA)နှင့်ဆက်စပ်သံယဖြင့် ဖမ်းဆီးထားသူများကို ယခုရက်ပိုင်းအတွင်း တစ်ဦးပြီးတစ်ဦး ပြန်လွှတ်ပေးနေရာယမန်နေ့ (ဇန်နဝါရီ ၂ ရက်)က စစ်တွေဒေသခံ ၂ ဦးလည်း လွတ်မြောက်လာသည်ဟုသတင်းရရှိသည်။
၎င်းတို့ ၂ ဦးမှာ စစ်တွေမြို့ စစ်ရုံစု ရပ်ကွက်မှကိုကျော်သန်းလှိုင်နှင့် စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ကိုမောင်သန်းဌေးတို့ဖြစ်ကြသည်။
သူတို့နှင့်နီးစပ်သူတစ်ဦးက “ မနေ့ကည ၄ နာရီမှာ စစ်တွေမြို့နယ် တရားရုံးက လွတ်လာတာပါ။ သူတို့ကိုဖမ်းတာက အေအေကိုငွေကြေးကောက်ခံပေးတယ်။ နောက်ပြီး ALP က ခိုင်ပေါ်လင်းကိုအေအေက ဖမ်းတဲ့အခါကူညီပေးသူတွေဆိုပြီး ဖမ်းသွားတာ။ အထောက်အထားဘာမှ မတွေ့တော့ ခြေရှုပ်မှုနဲ့တရားစွဲဆိုထားတာပါ”ဟု ပြောသည်။
သူတို့ နှစ်ဦးသည်လွန်ခဲ့သည့်နှစ်အောက်တိုဘာလအတွင်းကဖမ်းဆီးခဲ့၇ခြင်းဖြစ်သည်။
သူတို့နှင့်အတူ ဖမ်းဆီးခံခဲ့၇သူတစ်ဦးဖြစ်သူ စက်ရုံစုရပ်ကွက်မှကို အောင်သန်းဝင်းမှာလည်း ယခင်ကတည်းကလွတ်မြောက်သွားပြီဖြစ်ကြောင်းသိရှိ ၇သည်။
အေအေနှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီးသံသယဖြင့် စွပ်စွဲဖမ်းဆီးခံနေရသူတစ်ချို့ ယခုရက်ပိုင်းအတွင်းတွင် ပြန်လွှတ်ပေးနေရာ ဇန်နဝါရီ ၁ရက်က ကျောက်တော်မြို့နယ်မှ ဦးဂလုန် နှင့် နောက်ထပ်ဆေးမှူး တစ်ဦး၊ မောင်တောမြို့နယ် ကြိမ်ချောင်းနစက စခန်းမှ မအေးမြစန္ဒာနှင့် ကိုမောင်မောင်ကျော် တို့လည်း လွတ်မြောက်လာခဲ့ကြသည်။
ကျောက်တော်မြို့ စခက (၉) မှလွတ်လာသူ နှစ်ဦးဖြစ်ကြသည့် ဦးဂလုန်နှင့်အရပ်ဆေးဆရာ တစ်ဦးသည် သရက်တစ်ပင်ရွာမှဦးမောင်စောသာနှင့်အတူ သြဂုတ်လ (၁)ရက်နေ့က ကျောက်တော်မြို့နယ် မဟာမုနိဘုရား မြောက်ဘက်မုခ်အနီးမှာဘုရားတွင်တပ်စွဲထားသည့် စစ်တပ်က ၎င်းတို့၏ဖုန်းများကို စစ်ဆေးကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ (ဦးမောင်စောသာမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲမတရားအသင်းဆက်သွယ်မူ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည်ဟုသိ၇သည်။
မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှမအေးမြစန္ဒာနှင့် မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုမောင်မောင်ကျော်တို့သည် မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာမှ မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့် အပြန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ကြ၇သည်။
ယခုရက်ပိုင်းအတွင်း အေအေနှင့် ဆက်စပ်သံသဖြင့် ဖမ်းဆီးခံထား၇သူများ ပြန်လည်လွတ်လာသလို ဖမ်းဆီးထားသူများကိုလည်းတရားရုံးတင် စစ်ဆေးမှုများကို စစ်ကောင်စီက မြန်မြန်ဆန်ဆန် ပြုလုပ်နေသည်ဟု သတင်းရရှိသည်။