Preview

လူငယ်များအရည်အချင်းမြှင့် “စကားပြောစွမ်းရည်ပြိုင်ပွဲ”တွင် တောင်ကုတ်၊ ကျောက်ဖြူနှင့် ကျောက်တော်မှ လူငယ် ၃ဦးတို့ ဆုများရရှိ

ဇန်နဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :4565
ရခိုင် သတင်း

နိ၇ဉ္စရာ ၊ ဇန်နဝါရီ /၂၀၂၃

၇ခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လုံးဆိုင်ရာလူငယ်များအရည်အချင်းမြှင့် " စကားပြောစွမ်းရည်ပြိုင်ပွဲ" တွင် တောင်ကုတ်၊ ကျောက်ဖြူနှင့် ကျောက်တော်မှ လူငယ်သုံးဦးတို့ ဆုများအသီးသီး ရရှိခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆုရရှိသောလူငယ်များမှာပထမဆုရှင်တောင်ကုတ်မြို့မှ မောင်နိုင်လင်းထက်၊ ဒုတိယဆုရှင် ကျောက်ဖြူမြို့မှ မဖြိုးစုစုသွယ်နှင့် တတိယဆုရှင် ကျောက်တော်မြို့မှ မနွယ်အိခိုင်တို့ဖြစ်ကြသည်။

၎င်း စကားပြောစွမ်းရည်ပြိုင်ပွဲကို ုတိယအကြိမ်မြောက်   ARAKAN  YOUTH AND FUTURE မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကာ ချီးမြှင့်ပေးခဲ့သည့်ဆုငွေမှာ ပထမဆု ၅သိန်း၊ဒုတိယဆု ၄သိန်း၊ တတိယဆု ၃သိန်းနှင့်နှစ်သိမ့်ဆုရှင်တို့ကို ၂ သိန်း အသီးသီး ချီးမြှင့်ပေးခဲ့သည်ဟု သိ၇သည်။

၎င်းအပြင်ပထမဆုရှင်၊ဒုတိယဆုရှင်၊တတိယဆုရှင် ၃ဦးအား တက္ကသိုလ်ပညာသင်ဆုများလည်းပေးအပ်သည်ဟုသိ၇သည်။

ARAKAN YOUTH AND FUTURE မှ  အရှင်ဦးဥတ္တမသိရီက" အဓိက ရခိုင်ပြည်မှာရှိတဲ့ လူငယ်တွေကိုစကားပြောစွမ်းရည်တိုးတက်လာဖို့နဲ့ လူရှေ့သူရှေ့တွေမှာရဲရဲဝံ့ဝံ့နဲ့စကားပြောစွမ်းရည်တိုးလာအောင်ပေါ့။ စကားပြောစွမ်းရည်ပြိုင်မယ်ဆိုကတည်းကနေစာဖတ်လာမယ်။ စာဖတ်စွမ်းရည်ကိုလည်း တစ်ဘက် တစ်လမ်းက တိုးတက်စေချင်သောအားဖြင့ လုပ်တာလည်းပါတယ်။ ဒီကတစ်ဆင့်ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရရှိလာမှုနဲ့ အတူ အသိပညာဗဟုသုတတွေတိုးပွားလာမယ်။ ဒီလို ဗဟုသုတ အသိပညာတွေ ရှာဖွေရင်းနဲ့ စာပေတွေနဲ့ နီးစပ်လာမယ်။ အဓိကတော့ လူငယ်တွေ ဘက်ပေါင်းစုံက တိုးတက်စေလိုတဲ့  ရည်ရွယ်ချက်နဲ့ပြုလုပ်၇ခြင်းဖြစ်ပါတယ် "ဟုမိန့်သည်။

၎င်း"စကားပြောစွမ်းရည်ပြိုင်ပွဲ" ကို  လွန်ခဲ့သည့် ဒီဇင်ဘာ၃၁ရက်၊ နေ့လယ်  ၁၂နာရီတွင် New World ခန်းမ၌ ပြုလုပ်ခဲ့ပြီး  ဆန်ခါတင် Top Ten (လူငယ် ၁၀ဦး) ထဲမှပထမဆု၊ဒုတိယဆု၊တတိယဆု တို့ကို ရွေးချယ်ပြီး၊ ဆုပေးခဲ့ခြင်းဖြစ်သည်ဟုသိ၇သည်။

အဆိုပါစကားပြောစွမ်းရည်ပြိုင်ပွဲကိုပထမအဆင့်တွင် လူဦးရေ ၁၀၀ခန့် သည် အွန်လိုင်းမှ video ဖိုင်ဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီ၎င်းထဲမှ လူဦးရေ၃၀ကျော်ရွေးချယ်ခဲ့ရာ ဒုတိယအဆင့်တွင် Zoomမှဝင်ရောက်ယှဥ်ပြိုင်ခဲ့၇ကြော်း၊ ၎င်းမှတစ်ဆင့်ဆန်ခါတင် ၁၀ ဦးရွေးချယ်ခဲ့ပြီးနောက် တတိယအဆင့်ကို ထို လူငယ် ၁၀ဦးထဲက ပထမဆု၊ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်များကိုရွေးချယ်ပြီးဆုပေးခဲ့သည်ဟု ARAKAN  YOUTH AND FUTURE တစ်ဆင့် သိ၇သည်။

အဆိုပါဆုရရှိခဲ့သည် Top Ten လူငယ် ၁၀ဦးဝင်ရောက်ယဥ်ပြိုင်ခဲ့၇သည့်ခေါင်းစဥ်များမှာ "လောကသားများအတွက် မြတ်ဗုဒ္ဓ၏ကြည်ညိုဖွယ်ရာ ကြိုးပမ်းချက်များ" ၊"အောင်မြင်သော လူငယ်ခေါင်းဆောင်များဖြစ်ရန်အခွင့်အလမ်း နှင့် နည်းလမ်းများ"၊" မြို့ရွာကောင်းကျိုး ငါတို့သယ်ပိုး " ဆိုသည့်ခေါင်းစဥ် ၃ ခုအနက်ဒိုင်းလူကြီးများကမဲနှိုက်ပေးသည့်ခေါင်းစဥ်တစ်ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟုသိ၇သည်။

 အဆိုပါစကားပြောစွမ်းရည်ပြိုင်ပွဲသို့  ပြိုင်ပွဲကိုဦးဆောင်သည့်ဆရာတော်ကြီးများ၊စာရေးဆရာများ၊ကဗျာဆရာများ၊ပန်းချီဆရာများ၊အနုပညာရှင်များ၊စာဖတ်ဝါသနာရှင်များ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့်စာပေအသိုင်းအဝိုင်းများမှစုစေုပါင်း လူဦးရေ ၃၀၀ နီးပါးတက်ရောက်ခဲ့သည်ဟု သိ၇သည်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာလူငယ်များ" စကားပြောစွမ်းရည်ပြိုင်ပွဲ " ပထမအကြိမ်ကို ၂၀၂၁ခုနှစ်ဒီဇင်ဘာ ၂၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိ၇သည်။ (NN-13)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.