Preview

“ဝံလက်အားမာန်”အမည်ရှိ တေးစီးရီးသစ် မိတ်ဆက်ပွဲပြုလုပ်

ဇန်နဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :4446
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၂/ ၂၀၂၃

ရခိုင်တွင်အသစ်ထွက်ရှိလာသည့် ဝံလက်အားမာန်အမည်ရှိတေးစီးရီးသစ်မိတ်ဆက်ပွဲကို ယမန်နေ့ညတွင်ပြုလုပ်ခဲ့သည်ဟု သိ၇သည်။

 အဆိုပါမိတ်ဆက်ပွဲကို မန်နေ့ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီမှစတင်ကာ ည ၉ နာရီအထိ ကျောက်တော်မြို့နယ်၊အပေါက်၀ကျေးရွာ၊ ပင်မရပ်ကွက်ရှိ အဆိုတော် နှင်းအိချစ်၏ နေအိမ်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မိတ်ဆက်ပွဲသို့ အပေါက်၀ရွာနှင့်ကျောက်တော်မြို့မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာရေးဆရာများ၊စိတ်ပါဝင်စားသူ စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

 အဆိုပါခွေတွင် ကိုဝင်းလှိုင်(ကစ္ဆပ)ရေးသားသည့်တေးသီချင်း ၁၀ ပုဒ်နှင့် မင်းညီ(ဦးရာဇ်မြီ) ရေးသားသော တေးသီချင်း ၁ ပုဒ်ပါဝင်သည်ဟု ကိုဝင်းလှိုင်(ကစ္ဆပ)ကပြောသည်။

 ၎င်းရခိုင်စတူဒီယိုတကိုယ်တော်တေးစီရီသစ် ေးသီချင်းများကို တက်သစ်စ၇ခိုင်အဆိုတော်နှင်းအိချစ်က သီဆိုထားပြီး ကိုဝင်းလှိုင်(ကစ္ဆပ)နှင့်ကိုထူးလင်းတို့က ဝိုင်းဝန်းပံ့ပိုးပေးထားသည်ဟု ဆိုသည်။

 “ကျနော်တို့ရေးဖွဲ့တဲ့သီချင်းလေးတွေကို ပရိသတ်တွေကို ခံစားကြည့်စေချင်ပါတယ်။ ဥပမာနိုင်ငံရေးအကြောင်းနဲ့ပတ်သက်လို့၊ သဘာ၀အလှလေးတွေနဲ့ပတ်သက်လို့၊ကိုယ့်ပြည်မှာရှိတဲ့ စေတီ၊ ပုထိုး၊ ဘုရား၊ ကမ်းခြေအလှအပလေးနဲ့ပတ်သက်ပြီးတော့ဖွဲ့နွဲ့ထားတယ်။ အဲဒါတွေကို ခံစားစေချင်ပါတယ်ဟု ပြောသည်။

 ပါဝင်သည့်တေးသီချင်းများသည်အမျိုးသားရေးအကြောင်း၊ ၇ခိုင့်အလှသဘာ၀အကြောင်းနှင့် အချစ်အကြောင်းတို့ကိုသီကုံးရေးဖွဲ့ထားသည့်သီချင်းများဖြစ်သည်ဟုလည်း ပြောသည်။

 လက်ရှိတွင်အဆိုပါခွေ ၁ ခွေလျှင် ကျပ် ၂ ထောင်နှုန်းဖြင့် စတင်ဖြန့်ချိနေပြီဖြစ်သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.