နိရဥ္စရာ၊ဇန်နဝါရီ ၃/ ၂၀၂၃
၇ခိုင်ပြည်နယ် ကျောက်တော်မြို့မှလူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် ၃ ဦးသည် ယနေ့တွင် ပုဒ်မ၅၀၅(က)/(ခ)ဖြင့် စွဲချက်တင်ခံလိုက်ရသည်ဟု သိ၇သည်။
စွဲချက်တင်ခံလိုက်၇သူ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူဦးဇော်ဝင်း (၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မင်းထက် (၂၈) နှစ်နှင့်ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူဦးကျော်သန်းမောင် (၅၁ နှစ်)တို့ဖြစ်ကြသည်။
သူတို့၃ ဦးကို ယနေ့ ဇန်နဝါရီလ ၃ ရက်၊ နံနက်တွင် ကျောက်တော်မြို့နယ်တရားရုံး၌ရုံ
“ကိုဇော်ဝင်းတို့၃ ယောက်ကို ဒီကနေ့ စွဲချက်တင်ပါတယ်”ဟုပြောသည်။
သူတို့ ၃ဦးအနက် ဦးဇော်ဝင်းကို နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)ဖြင့်လည်းကောင်း၊ကိုဇော်မင်းထက်နှင့် ဦးကျော်သန်းမောင်တို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့်လည်းကောင်း စွဲချက်တင်လိုက်ခြင်းဖြစ်သည်ဟုသိ၇သည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာမတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံနေရသည့်ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ(၅၃)နှစ်နှင့်ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အရပ်သားဆေးဆရာစစ်ဘေးရှောင် ဦးကျော်ဟိန်း (၄၀)နှစ်တို့ကိုလည်း ဦးဇော်ဝင်းတို့နှင့်အတူယနေ့တွင် ရုံးထုတ်ခဲ့သည်။
သူတို့၂ ဦးကို တစ်စုံတစ်ရာစစ်ဆေးခြင်းမရှိခဲ့
“ကျမယောကျာ်းနဲ့ဦးမောင်စောသာတို့တော့ ရုံးထဲကို ခဏလေးဝင်ပြီး ပြန်သွားကြတာပါပဲ။ တစ်ခုမှမစစ်ခဲ့ဘူး”ဟုပြောသည်။
ယနေ့ရုံးထုတ်ခဲ့သူ၅ ဦးစလုံးကို လာမည့် ဇန်နဝါရီလ ၁၀ ရက်သို့ ထပ်မံရုံးချိန်းခေါ်ယူထားသည်ဟု
ကျောက်တော်မြို့နယ်အတွင်း၁၇(၁)ဖြင့် တရားစွဲခံနေရသူနောက်ထပ် ၇ ဦးကိုလည်း ယမန်နေ့ ဇန်နဝါရီလ ၂ရက်တွင် မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သေးသည်။
သူတို့၁၂ ဦးသည်ပြီးခဲ့သည့်နှစ်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပေါ်
ဓာတ်ပုံ- ပုံဟောင်း