နိ၇ဉ္စရာ၊ဇန်နဝါရီ ၃/၂၀၂၃
၇ခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ကြံ့ခိုင်ရေးပါတီကဦးစီးကာကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၎င်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဇန်နဝါရီလ ၃ ရက်၊နေ့လယ် ၁ နာရီခန့်တွင် သံတွဲမြို့၊ အမှတ်(၈) ရပ်ကွက်၊မြို့နယ်အားကစားကွင်းရှေ့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်လူပေါင်း(၁၀၀) ခန့် တက်ရောက်ခဲ့သည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
"ပြည်ခိုင်ဖြိုးပါတီကဦးဆောင်ပြီး လုပ်ကြတာပါ။ ဘာလို့ဆို ပြည်ခိုင်ဖြိုးရုံးရဲ့ လမ်းကျော်ပြီးတော့အဲ့ဒီကွက်လပ်မှာလုပ်တာတွေ့တယ်။ ကုလသမဂ္ဂရဲ့ တစ်ဖက်သက်ဆုံးဖြတ်ချက်ကိုဆန့်ကျင်ရှုတ်ချပွဲ၊ ဘာညာအဲ့လိုတွေဆိုင်းဘုတ်တွေထောင်ထားတာတွေ့တယ်။ဒေသခံပြည်သူတွေတော့ မပါဘူး"ဟု ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၌အကြမ်းဖက်မှုများ ရပ်တန့်ရန်အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် ဒီဇင်ဘာ ၂၁ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင်ဆုံးဖြတ်အတည်ပြုခဲ့ သည်။
၎င်းဆုံးဖြတ်ချက် အပေါ်စစ်ကောင်စီထောက်ခံသူတစ်ချို့က ရန်ကုန်၊ မန္တလေး အပါအဝင်မြို့ကြီးတချို့တွင် ကန့်ကွက်သည့်ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်လျက်ရှိနေသည်။
နောက်ထပ်သံတွဲမြို့ခံတစ်ဦးက "ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ခေါ်မှာပဲလေ။ဒါ ထုံးစံပဲကို။ သူတို့ကို ထမင်းကျွေးတာလား။ ဘာကျွေးတာလဲတော့မသိ။ရေသန့်ဘူးတွေ လည်း သေချာထောင်လို့ တွေ့တယ်။ စရိတ်ပေးပြီး ခေါ်တာထင်တယ်"ဟုပြောသည်။
အဆိုပါ ဆန္ဒပြပွဲတွင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ မြန်မာ့အရေးကိုမြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အပြစ်မဲ့ပြည်သူများအားအကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ၇ဟန်းသံဃာနှင့်နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ်စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိ၇သည်။(NN-7)
(ဓာတ်ပုံ- ၇ခိုင်နေ့စဉ်)