Preview

မြောက်ဦးတွင် ညအချိန်မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံးဆုံးရှုံးကာ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာရ

ဇန်နဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :10418
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၃/၂၀၂၃

 

၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့ဆင်ချဆိပ်ရပ်ကွက်(ရွာသစ်) တွင် ဒီဇင်ဘာ ၃ ရက် ၉ နာရီကျော်ချိန်က မီးလောင်မှုဖြစ်ပွား  နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားခဲ့ကာအသက်(၆)နှစ်အရွယ်က

လေးငယ်တစ်ဦးလည်း မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

 အဆိုပါမီးလောင်ကျွမ်းသွားသည့်နေအိမ်မှာ ဒေါ်ဦးမြသိန်း၏ နေအိမ်ဖြစ်ကြောင်း သိရှိ၇သည်။

 ဆင်ချဆိပ်ကျေးရွာသားတစ်ဦးက "ဘုရားမီးဖယောင်းတိုင်ထွန်းထားရာကနေ စပြီးတော့မီးလောင်တာလို့သိ၇တယ်။ အိမ်သားတွေကတော့ အိပ်နေချိန်ဖြစ်မယ်။ သမီးဖြစ်သူပါမီးထဲပါ သွားလို့ကယ်လိုက်နိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး" ဟု ပြောသည်။

ရွာထဲရှိကျေးရွာသားများကဝိုင်းဝန်းမီးငြိမ်သတ်ကြ၍ည ၁၀ နာရီအချိန်ခန့်တွင်မီးငြိမ်းသွားသည်ဟု၎င်းက ပြောသည်။

"ရွာထဲကလူတွေဝိုင်းဝန်းပြီးမီးငြိမ်းသတ်လို့ ၁၀ နာရီအချိန်လောက်မှာ မီးငြိမ်သွားတယ်။နေအိမ်တစ်ဆောင်လုံး မီးလောင်ကျွမ်းသွားတယ်။ အနီး အနားက နေအိမ်တွေကိုတော့ မီးမကူးခဲ့ဘူး။အဲ့ဒီတစ်အိမ်တည်းပဲလောင်ကျွမ်းသွားတယ်" ဟု ၎င်းက ပြောသည်။

မီးလောင်ကျွမ်းမှုထဲပါသွားသည့်အသက်(၆)နှစ်အရွယ်ကလေးငယ်၏ ညာဘက်လက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းသိ၇သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ၃၀ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မူဆလင်ကျေးရွာတွင် ညအချိန် မီးလောင်မှုကြောင့်လူနေအိမ်(၅)လုံး မီးလောင်ပြာကျသွားသည်။

ယင်းအပြင်ရသေ့တောင်မြို့ ၊အရှေ့မြောက်ရပ် ကွက်ရှိ ပညာပါရမီ ဘုန်းတော်ကြီးကျောင်းမီးလောင်မှု ဖြစ်ပွားခဲ့၍ကျောင်းဆောင်တစ်ဆောင်နှင့် ကယ်ဆယ်ရေးအဆောင်နှစ်ဆောင် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

 နွေရာသီရောက်လာပြီဖြစ်သဖြင့် မီးသတိရှိကြရန်လိုအပ်နေပြီဖြစ်သည်။ (NN-12)

 ဓာတ်ပုံ- Chit Pone(Fb)

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.