နိရဥ္စရာ၊ဇန်နဝါရီ ၄/၂၀၂၃
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ယနေ့နံနက်က သေနတ်ပစ်ခတ်ခံ၇၍သေဆုံးသွားသူ ၃ ဦးမှာရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(
သေဆုံးသွားသူ ၃ဦးမှာ ALP မှစစ်ဦးစီးချုပ် ခိုင်စောမြ (၅၃)နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး (၃၄)နှစ်နှင့်ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(
သူတို့ ၃ဦးသည် ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက် ရ နာရီကျော်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိဆီတန်းအနီး၌ အိမ်စီးကားတစ်စီးအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံ၇၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြ
ပစ်ခတ်ခံ၇မှုကြောင့်ALP စစ်ဦးစီးချူပ်ခိုင်စောမြတွင် မေးစေ့နှင့် ဦးခေါင်းထိပ်တို့ ပွင့်ထွက်သွားပြီးခန္ဓာကိုယ်ညာဘက်ခြမ်းအပါအဝင် ပေါင် ၂ ချောင်းတို့တွင် ဖောက်ထွက်ဒဏ်ရာများနှင့်လက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု သိ၇သည်။
အလားတူ တပ်ရင်းမှူးခိုင်ကျော်စိုးတွင်လည်း ဦးခေါင်းပွင့်ထွက်သွားပြီး ညာဘက်ဂျိုစောင်း၊ညာဘက် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။
ယင်းအပြင် ဗိုလ်ကြီးအဆင့်ကျော်မင်းစိုး(ခ) သူရိန္ဒတွင် နားနှစ်ဘက်အောက်နှင့် ရင်အုံတို့၌သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရရှိကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟုသိ၇သည်။
မည်သူမည်ဝါတို့ကပစ်ခတ်သွားသည်ကို မသိလိုက်၇ဟုလည်း ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးALP ပါတီမှ ဒုဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်၊တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းတို့အပါအဝင် ALPတပ်ဖွဲ့အချို့ထံဆက်သွယ်ခဲ့သော်လည်း ဖုန်းများပိတ်ထား၍ အဆက်အသွယ်မ၇ခဲ့ပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ယခုသတင်းမှာ ဌာနဆိုင်ရာများ၏ Viber ဂရုအတွင်းတက်လာခြင်းမရှိသည့်အတွ
လက်ရှိတွင်အလောင်းများကို စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများကပြောသည်။