Preview

ALP စွပ်စွဲချက်အခြေအမြစ်မရှိဟု AA တုံ့ပြန်၊ အခြားအင်အားစုတစ်ခုက ပြဿနာရှုပ်ထွေးအောင်ဖန်တီးခြင်းဖြစ်နိုင်ဟုဆို

ဇန်နဝါရီ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :10426
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၅/၂၀၂၃

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ဦးတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(AA)က သတ်ဖြတ်သွားသည်ဟု ALPကကြေညာချက်ထုတ်ပြန်မှုမှာ အခြေအမြစ်မရှိသောစွပ်စွဲချက်သာဖြစ်သည်ဟု ULA/AAပြောခွင့်ရသူဦးခိုင်သုခက နိရဥ္စရာကိုပြောသည်။

အခုလို ကျနော်တို့ကိုနာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALPကိုနာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်ဟု ပြောသည်။

လုပ်ကြံသတ်ဖြတ်ခြင်းခံ၇သူ၃ ဦးမှာ ALP မှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ (၅၃)နှစ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ဖြစ်ကြသည်။

သူတို့ဦးသည် ယမန်နေ့ဇန်နဝါရီလ ၄ ရက်၊ နံနက် ရ နာရီကျော်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိဆီတန်းအနီး၌ အိမ်စီးကားတစ်စီးအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံ၇၍ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်။

သူတို့လုပ်ကြံခံ၇မှုကိုULA/AA က လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်ALP က ယနေ့ ဇန်နဝါရီလ ၅ ရက်တွင်သတင်းထုတ်ပြန်ထားသည်။

ALP ၏စွပ်စွဲထုတ်ပြန်မှုနှင့်ပတ်သက်ပြီးULA/AA ပြောခွင့်ရသူဦးခိုင်သုခကို နိရဥ္စရာက မေးမြန်းရာ ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။

ယင်းအပြင် ဦးခိုင်သုခကALP ပါတီအတွင်းအုပ်စုကွဲမှုများဖြစ်ပေါ်နေပြီး အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာပဋိပက္ခများကြောင့်လည်း ယခုကဲ့သို့ လုပ်ကြံခံရခြင်းဖြစ်နိုင်သလိုအခြားအင်အားစုတစ်ခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်၍လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ဆက်ပြောသည်။

နောက်တစ်ခု စဉ်းစားစရာကတော့တခြားအင်အားစုတစ်ခုခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်လို့ ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အရှုပ်ထုပ်တွေကြားမှာဘယ်သူက ဘာလုပ်သွားမှန်းမသိတဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ ဒီကိစ္စကိုမှတ်ချက်ပေးစရာမရှိဘူးဟုပြောသည်။

ယမန်နေ့က လုပ်ကြံခံ၇မှုကြောင့်ALP စစ်ဦးစီးချူပ်ဗိုလ်ချုပ်ခိုင်စောမြတွင် မေးစေ့နှင့် ဦးခေါင်းထိပ်တို့ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်ညာဘက်ခြမ်းအပါအဝင် ပေါင် ၂ ချောင်းတို့တွင် ဖောက်ထွက်ဒဏ်ရာများနှင့်လက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု သိ၇သည်။

အလားတူ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးတွင်လည်း ဦးခေါင်းပွင့်ထွက်သွားပြီးညာဘက်ဂျိုစောင်း၊ ညာဘက် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင်သေနတ်ဒဏ်ရာများရရှိခဲ့သည်။

ယင်းအပြင် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)သူရိန္ဒတွင် နားနှစ်ဘက်အောက်နှင့် ရင်အုံတို့၌ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနှင့်လက်တို့တွင် သေနတ်ဒဏ်ရာများရရှိကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟုမျက်မြင်များက ပြောသည်။

ယခုကဲ့သို့လုပ်ကြံခံ၇သည့်ကိစ္စနှင့်ပတ်သက်ပြီး ALP ပါတီ၏ ဒုတိယဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကိုဆက်သွယ်မေးမြန်းရာ သူမက"ထုတ်ပြန်ချက်ရေးထားပြီးပါပြီ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော့ တခြားဘာမှမရှိတော့ဘူး။အဲ့ဒီလောက်ပါပဲ"ဟု ပြောသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.