Preview

ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ဘူသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦးအား ၅ကြိမ်မြောက်ရုံးထုတ်

ဇန်နဝါရီ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1395
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၅ / ၂၀၂၃

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ဘူသီးတောင်မြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦးအား ယနေ့ တွင်၅ကြိမ်မြောက်ရုံးထုတ်ခဲ့သည်ဟုသိ၇သည်။

၎င်းအုပ်ချုပ်ရေးမှူး ၂ဦးမှာ အသက် ၆၆နှစ်အရွယ် တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက်လူမျိုး အုပ်ချုပ်ရေးမှူးဦးဦးကျော်လှနှင့် အသက်၆၀အရွယ် မီးကျောင်ဈေးမူဆလင်ကျးရွာအုပ်ချုပ်ရေးမှူးဦးဟာမိတ်တူဆောင်းတို့ဖြစ်သည်။
၎င်းအုပ်ချုပ်ရေမှူး၂ ဦးကို ယနေ့ ဇန်နဝါရီ ၅ရက်နေ့ မနက် ၁၀နာရီခန့်တွင် ဘူသီးတောင်မြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး၊ လာမည့် ဇန်နဝါရီ ၁၂ရက်နေ့သို့ ောက်ထပ်ရမန်ရုံးချိန်းပေးလိုက်သည်ဟုဦးဦးကျော်လှ၏ သားဖြစ်သူက နိ၇ဉ္စရာသတင်းဌာနကိုပြောသည်။
ကျွန်တော်တို့ဘက်ကငှားထားတဲ့ရှေ့နေက နေမကောင်းလို့ပြန်သွားတော့ ရမန် ရုံးချိန်းပဲ ပေးလိုက်ပါတယ်။ အဖေကတော့ မျက်နှာ၊ခြေတောက်တွေဖူးရောင်လို့မြင်ခဲ့တယ်။ ဆေးဝါးတွေ ပို့ပေးတာပေါ့။ ဒါပေမဲ့ တစ်ရက်တစ်ချိန်ပဲဆေးတိုက်တယ်ဆိုတော့ မသက်သာဘူးပေါ့။ စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်အတွင်းနာ၇နေတာပေါ့။အသက်က ၆၀ ကျော် နေပြီလေ။  သက်ကြီးအရွယ်ဖြစ်တော့  အရိုက်ခံထား၇တာဆိုတော့ ပိုဆိုးသွားတာပေါ့။ဦးဟာမိတ်တူဆောင်းလည်းနေမကောင်းဘူး။ နှာဆေး၊ချောင်းဆိုး နေတယ် ဟုပြောသည်။
အဆိုပါအုပ်ချုပ်ရေး ၂ဦးကို ဘူသီးတောင် အကျဥ်းထောင်တွင်ချုပ်နှောင်ထားပြီး ၎င်းတို့၂ဦးမှာ စစ်ကြောရေးတွင် ပြင်းထန်စွာဒဏ်ရာရရှိထားသောကြောင့်မိသားစုဝင်များမှာစိတ်ပူပန်မှုများရှိနေကြသည်ဟု ၎င်းကဆက်ပြောသည်။

အတွင်းဒဏ်ရာ၇သွားတဲ့အတွက်မိသားစုတွေမှာတော စိတ်မကောင်းဖြစ်နေကြတယ်။ အဖေရဲ့ မိခင်ဖြစ်သူလည်းအသက်ကြီးပြီ။ အဖွားလည်းသားစိတ်ကြောင့် တော်တော်စိတ်မကောင်းဖြစ်နေပါတယ်။အဖေ့မှာ ညဆိုရင်ဘေးတစ်စောင်းတောင် မအိပ်နိုင်ဘူးလို့ပြောပါတယ်။ နေရာရွေ့ရင်လည်းနာတယ်တယ်လို့ပြောပါတယ်။ ဆေးခန်းပြဖို့ခွင့်တောင်းပါသေးတယ်။ပြည်နယ်ကခွင့်မပြုဘူးလို့ပြောပါတယ် ဟုပြောသည်။
သူတို့နှစ်ဦးကိုရက္ခိုင့်တပ်တော် (AA) ကိုထောက်ပံ့ကြေးကောက်ခံ ပေးဆောင်သည်ဟု အတင်း ဝန်ခံခိုင်းပြီးနောက်မှဘူးသီးတောင်စစ်ကောင်စီတပ် အရာရှိတစ်ဦးကတရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ၁၇(၁)ဖြင့် စက်တင်ဘာ ၂၉ရက်နေ့တွင် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

 ဘူးသီးတောင်မြို့နယ် အခြေစိုက်(၂၃၄) တပ်ရင်း စစ်ဗျူဟာမှ  တစ်ခြားအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့် အတူ၎င်းအုပ်ချုပ်ရေးမှူး နှစ်ဦးကိုတွေ့ဆုံရန် စက်တင်ဘာ ၃ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက်ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့ဟုသိ၇သည်။(NN-13)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.