Preview

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် သူ၏လုပ်ဖော်ကိုင်ဖက်ဝန်ကြီးဟောင်းတစ်ဦးတို့ကို စစ်ကောင်စီက ထောင်ပြစ်ဒဏ်လျော့ပေါ့

ဇန်နဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :759
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ /၂၀၂၂

ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် သူ၏ လုပ်ဖော်ကိုင်ဘက်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို ၅၀၅ ပုဒ်မအတွက် ကျခံ၇သည့်ပြစ်ဒဏ်မှ အနည်းငယ်လျော့ပေါ့ခံခဲ့၇ကြောင်းသတင်းရရှိသည်။

ဇန်နဝါရီလ၄ ရက်က ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီကမြန်မာတစ်နိုင်လုံးရှိ အကျဉ်းသား ၇ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် သူတို့ နှစ်ဦးကို ထိုသို့ ပြစ်ဒဏ် လျောပေါ့ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရှိ၇သည်။

သူတို့နှင့် ီးစပ်သူတစ်ဦးက "ပုဒ်မ ၅၀၅နဲ့စွဲတဲ့ပုဒ်မကိုလျော့တာပါ။ ကျန်တာကိုမဟုတ်ဘူး။ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ ထဲကကိုလျော့ချလိုက်တာပါ" ဟုပြောသည်။

၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် မဲသမာမှုပုဒ်မ ၁၃၀ (က)နှင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့်ထောင်ဒဏ် ၉ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ် စုစုပေါင်း၁၃ နှစ်ကျခံထား၇ပြီး စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅ နှင့် ထောင်ဒဏ် ရ နှစ် နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် ထောင်ဒဏ် နှစ် စုစုပေါင်း ၉နှစ်ချမှတ်ခံထားရကြောင်း သိ၇သည်။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုတွင် ဘယ်ဘက်မျက်စိတွင် တိမ်စွဲနေသဖြင့် ခွဲစိတ်ကုသနိုင်ရန် လိုအပ်နေပြီးဆေးကုခွင့်ရရန် တောင်းဆိုထားသည်မှာ သုံးလေလခန့် ကြာနေပြီဖြစ်ကြောင်း ဦးညီပု၏သမီးကြီးဖြစ်သူမကြည်ကြည်ဦးကနိရဉ္စရာသို့ ပြောသည်။

"ကျန်းမာရေးကတော့ ထွေထွေထူးထူးတော့သိပ်မရှိဘူး။မျက်စိတော့တိမ်စွဲနေတယ။ဆေးကုသခွင့်တော့ အထဲကိုတောင်းဆိုထားတယ်။ ဘာမှတော့မထူးခြားသေးဘူး။ အထဲက ဆရာဝန်ကတော့ မျက်စဉ်းဆေးတော့ပေးထားတယ်ပြောတယ်။ခွဲလိုက်ရရင်တော့ပိုပြီးကောင်းမှာပေါ့။ ညမတို့သိတာက သုံး၊လေးလောက်တော့ရှိနေပြီ ခွင့်တောင်းထားတာက။ အခုထိတော့ ဘာမှမထူးသေးဘူး" ဟုပြောသည်။

၇ခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် အစိုး၇အဖွဲ့ဝင် ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦကျော်အေးသိန်း၊ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံနှင့် ဦးမင်းအောင် ငါးဦးစလုံးကို  စစ်တွေ အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက  မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မပေးကြောင်းသိ၇သည်။

စစ်ကောင်စီသည် ၇၅ နှစ်မြောက် မြန်မာလွတ်လပ်ရေးနေ့က  ရခိုင်ပြည်တစ်ဝန်းရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၀ ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်ကိုမှ လွှတ်ပေးခဲ့ခြင်းမရှိကြောင်းသိ၇သည်။

(NN-8)


#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.