နိရဥ္စရာ၊ဇန်နဝါရီ ၆ /၂၀၂၃
၇ခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မောင်တောမြို့တွင်းသို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ၇ ဦးကားဖြင့် ဝင်ရောက်လာမှုကို ရဲတပ်ဖွဲ့ကတားဆီးရန်ကြိုးစားရာမှ အချေအတင်စကားများပြီး တစ်ဘက်နှင့်တစ်ဘက် သေနတ်များဖြင့်ချိန်ရွယ်ခဲ့၇သည်အထိ အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများကပြောသည်။
ယနေ့ဇန်နဝါရီလ ၆ ရက်၊ နံနက် ၈ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၇ဦးသည် လက်နက်များဖြင့် မောင်တောမြို့တွင်းသို့ ဝင်ရောက်
“သူတို့အချေအတင်စကားများကြတယ်။ သေနတ်တွေ တစ်ဘက်နဲ့တစ်ဘက်ချိန်ပြီးတော့ပေါ့။ ပစ်တော့မပစ်ခဲ့ကြဘူး။ သေနတ်တွေ ဆွဲလား၊ ရမ်းလားတောင် ဖြစ်ခဲ့တယ်”ဟု ပြောသည်။
၅ မိနစ်ခန့်ယင်းသို့ဖြစ်ပွားပြီးနောက် အခြေအနေမှာ အေးအေးဆေးဆေးဖြစ်သွားခဲ့ပြီးတစ်ဘက်နှင့်တစ်ဘက် လမ်းခွဲသွားကြသည်ဟု မြို့ခံများက ပြောသည်။
ယခုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက်အခြေအနေတင်းမာခဲ့ကြသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားကြမည်ကိုစိုးရိမ်ခဲ့ကြ၇သည်ဟုလည်း မြို့ခံများက ပြောသည်။
မောင်တောမြို့တွင် စစ်ကောင်စီကစစ်တပ် အသွင်ပြောင်း နယ်ခြားစောင့်တပ်အပြားကို ဖြန့်ကျက်ချထားပြီး လုံခြုံရေယူထားသော်လည်းအေအေတပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုကို တစ်စုံတစ်ရာ ဟန့်တားမှု မပြုလုပ်နိုင်ခြင်းက အေအေ၏ဩဇာမည်မျှကြီးမားသည်ကို သိရှိနိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
၇ခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လမှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီးဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်ညှိနှို
ယခုကဲ့သို့ နားလည်မှုဖြင့်ယာယီ အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်းULA/AA ပြောခွင့်ရှိသူဦးခိုင်သုခက နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်သည့် အွန်လိုင်းသတင်း